Part 8

13.5K 1.4K 21
                                    

<Unicode>

"အရှင် အိမ်ရှေ့စံမင်းသားက အိမ်တော်ကို ရောက်ရှိလာပါတယ်.."

တျန်းရန် ဇာတ်လိုက်အိမ်တော်ကို ရောက်လာတယ်ဆိုလို့ နည်းနည်းအံြသသွားပေမဲ့ အခုလောလောဆယ် ပိုအံြသစရာကောင်းသည့်ကိစ္စဟာ မနက်ကအထိပြုံးပျော်နေသည့် ထိုကိုယ်လုပ်တော်အမျိုးသမီးက အခုသူမရဲ့မွေးနေ့ကြီးမှာ သတ်သေသွားတယ်ဆိုတော့ ဒါကြီးကထူးဆန်းနေသလိုပဲ။

"အရှင် အိမ်ရှေ့စံကိုဘယ်လိုအကြောင်းပြန်လိုက်ရပါမလဲ.."

"ဟင်း ယွဲ့အာကို အဓိကအိမ်တော်မှာ ဧည့်ခံထားဖို့ အိမ်တော်ထိန်းကို ပြောလိုက်ပါ၊ ကိုယ်တော်တို့ကတော့ ကိုယ်လုပ်တော်လျဥ် အဆောင်တော်ကိုသွားကြမယ်.."

"ဟုတ်ကဲ့ပါအရှင်..."

တျန်းရန် မှာစရာရှိတာမှာပြီးသွားတာနဲ့ ရှင်းလီနှင့်အတူ ကိုယ်လုပ်တော်အမျိုးသမီး၏ နန်းဆောင်ကိုသွားရလေသည်။

တစ်ကယ်ပဲ သူရောက်သွားသည့်အချိန်မှာ အင်္ကျီအဖြူနဲ့ လည်ပင်းမှာကြိုးတန်းလန်းကြီးနှင့် ကုတင်ပေါ်မှာ လှဲလျှောင်းနေသည့် ကိုယ်လုပ်တော်အမျိုးသမီး၏ အလောင်းအားတွေ့မြင်လိုက်ရလေသည်။

အဲ့ပြင်အခန်းကို ဝေ့ဝဲကြည့်တော့ တျန်းရန်၏ ကျန်သော်ကိုယ်လုပ်တော်အမျိုးသမီး ၃ဦးနှင့် ခပ်လှမ်းလှမ်းမှာ ငိုယိုနေသည့် ကိုယ်လုပ်‌ေတာ်လျဥ်ဟူ‌ေသာ်အမျိုးသမီး၏ အစေခံဟု ယူဆရသော မိန်းခလေးတွေအားတွေ့ရှိလေသည်။

တျန်းရန် အလောင်းနားမှာ မိမိအားအရိုအသေပေးနေသည့် သမားတော်အား သိလိုသည့်အကြောင်းအရာအား မေးမြန်းရလေသည်။

"ဒါကဘယ်လိုဖြစ်ရတာလည်း ..."

"အရှင့်ကို လျောက်တင်ပါတယ် ကျွန်တော်မျိုးစစ်ဆေးရသလောက်တော့ ကိုယ်လုပ်တော်လျဥ်ဟာ သူမဘာသာသူမ သတ်သေတာမှန်ကန်ပါတယ်..."

တျန်းရန် သမားတော်၏ စကားကြောင့် သက်ပြင်းချစဥ် ခပ်လှမ်းလှမ်းက အစေခံကောင်မလေးတစ်ယောက်ဟာ ကျယ်လောင်သောငိုယိုသံနှင့်အတူ တျန်းရန်ခြေထောက်နားပြေးလာပြီး.....

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Onde histórias criam vida. Descubra agora