Part 13

13.3K 1.4K 24
                                    

<Unicode>

သာယာလှပမှုတွေနဲ့ ငါးပြည်ထောင်ကို လွှမ်းမိုးချုပ်ကိုင်ထားသော တျန်းတိုင်းပြည်၏ နန်းတော်ထဲ၌ လူအများပျားပန်းခပ်အောင် သွားလာနေကြလေသည်။

ထိုသို့ သွားလာနေကြတဲ့ လူတွေအကုန်လုံးက ကိုယ်စီတာဝန်တွေကို ယူဆောင်ထားရတာဖြစ်ပြီး အကုန်လုံးက စိတ်လှုပ်ရှားမှု့တွေနှင့် ပြည့်နှက်နေလေသည်။

ထိုသူတို့ စိတ်လှုပ်ရှားရခြင်းအကြောင်းအရင်းကတော့ ဒီကနေ့ဟာ တျန်းတိုင်းပြည်၏ အိမ်ရှေ့စံ ၊ အသက်ပြည့်မွေးနေ့တော်အတွက် တစ်ဖြစ်လည်း တျန်းတိုင်းပြည်ကို အုပ်ချုပ်မည့် မင်းလောင်းအသစ် ထီးနန်းတက်သည့်နေ့ဆိုလည်း မှားမည်မဟုတ်ပေ။

ထိုသို့ စိတ်လှုပ်ရှားမှု့တွေနဲ့အတူ နန်းတော်ထဲ၌ ပျံလွင့်နေသော် ကောလာဟလတစ်ချို့လည်း ရှိနေသေးသည်။

"ဟဲ ဟိုသတင်းက အမှန်ပဲလား.."

"ဘာသတင်းလဲ.."

ပန်းရောင်ဝတ်ဆုံနှင့် နန်းတွင်းအပျိုတော်က ဘေးဘီကိုတစ်ချက်ဝေ့ဝဲကြည့်ပြီးတာနဲ့ သူမဘေးက နောက်ထပ်အပျိုတော်၏ နားနားကပ်ကာ...

"ဦးရီးတော်က အိမ်ရှေ့စံမင်းသားနဲ့ ဘာမှသွေးသားမတော်စပ်ဘူးဆို ၊ အရင်မယ်တော်ကြီးက ဦးရီးတော်ကို မွေးစားထားတယ်ဆိုတဲ့ သတင်းလေ.."

သူမစကားကြောင့် နားထောင်နေတဲ့ အပျိုတော်က ထိတ်လန့်သွားကာ...

"နင် ဘာလိုအဲ့စကားမျိုးကိုပြောရတာလည်း မတော်လို့ တစ်ယောက်ယောက််များကြားသွားရင် ခေါင်းဖြတ်ခံရလိမ့်မယ်.."

"ဒါဆို နင်ကအဲ့သတင်းကို သိနေပြီသားပေါ့ဟုတ်လား.."

"ဟုတ်တယ် ငါအဲ့သတင်းကို အထိန်းတော်တစ်ဦးဆီကကြားခဲ့တာ အဲ့အထိန်းတော်ပြောတာတော့ အရင်မယ်တော်ကြီးအသက်ရှိစဥ်တုန်းက အမျိုးသမီးတစ်ဦးက မယ်တော်ကြီး အသက်ကိုကာကွယ်ပေးခဲ့တယ်တဲ့ ဒါ့ကြောင့် မယ်တော်ကြီးက သူ့အသက်ကိုကာကွယ်ပေးခဲ့လို့ အဲ့အမျိုးသမီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူမရဲ့သားကို မယ်တော်ကြီးက သူ့သားအနေနဲ့ မွေးခဲ့တာတဲ့လေ..."

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now