Part 12

12.7K 1.5K 92
                                    

<Unicode>

"Hello တျန်းရန် မတွေ့တာကြာပြီနော်.."

ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေတာကြောင့် ချက်ချင်းပင် ရဲတက်လာကာ မျက်ရည်အနည်းငယ်ဝိုင်းနေတဲ့ တျန်းရန်၏ မျက်ဝန်းတွေက ထိုစကားအဆုံးမှာ ချက်ချင်းပင် အေးစက်သွားရပြီး တစ်ဖက်လူကို သတိထားသည့် အကြည့်ဖြင့် စုံဆန်ကြည့်လေတော့သည်။

တျန်းရန် တစ်ကယ်သတိအကြီးကြီး ထားနေရသည်။

သူတစ်ဖက်အမျိုးသမီအကြောင်း ဘာမှမသိပေ။

အစကတော့ မူလပိုင်ရှင်၏ မှတ်ညဏ်ထဲမှာ ဒီအမျိုးသမီးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေရှာဖွေဖို့ စဥ်းစားပေမဲ့ သူမက သူ့ကိုစတွေ့ကထဲက helloလို့ နှုတ်ဆက်ကထဲက သူမဟာ ဒီဝတ္ထုထဲက ဇာတ်ကောင်မဟုတ်မှန်း တျန်းရန် ချက်ချင်းပင် သိရှိသွားတာကြောင့်ပင်။

ပြီးတော့ ပိုထူးခြားတဲ့ အချက်က သူမက ဝတ္ထုထဲက ဦးရီးတော် ဇာတ်ကောင် တျန်းရန်ကို နှုတ်ဆက်တာမျိုးမဟုတ်ပဲ တစ်ကယ့်လက်တွေ့လောကက တျန်းရန်ဟူသော် သူ့ကိုသိရှိနေပုံရသည်။

ဒါ့ကြောင့် ထိုသို့နှုတ်တက်တာပင်။

တစ်ခဏချင်းကို ပတ်ဝန်းကျင် လေထုကအေးစက်လာသည်ကို ခံစားရတဲ့ နတ်နန်းအရှင်မဆိုသော် သူမဟာ တင်းမာနေသည့် မျက်နှာဖြင့် တျန်းရန်အား မျက်နှာချိုသွေးကာ ပြုံးရယ်ပြလျက်.....

"တျန်း....တျန်းရန်...."

"မင်း ဘယ်သူလဲ..."

"နင် ငါဘယ်သူလည်းဆိုတာ မသိဘူးလား.."

"ဘယ်သူလဲ.."

"ငါက ရှချင်းလင်လေ...နင်နဲ့ တစ်ကျောင်းထဲ ပြီးတော့ နင်ရဲ့ အတန်းဖော်လေ..."

ရှချင်းလင်၊ တျန်းရန် တစ်ကယ်ပင် သူမကို မသိပေ။

အမြဲတစေ နားကြပ်တပ်ပြီး တစ်ယောက်ထဲ နေတက်တာများတဲ့ တျန်းရန်က သူမကိုမသိတာက အံြသစရာတော့ မဟုတ်ပေ။

သို့သော် ထူးခြားတာက တျန်းရန်က သူမကိုမသိပေမဲ့ သူမကတော့ တျန်းရန်ကို သိနေတယ်ဆိုတဲ့ အချက်က ထူးဆန်းတာပင်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}حيث تعيش القصص. اكتشف الآن