Part 20

11.9K 1.2K 39
                                    

<Unicode>

"ဒီတစ်ကွက်ရွေ့လိုက်ရင် ရန်ရဲ့ ဘုရင်မက ကိုယ်ဆီရောက်သွားမှာပေါ့.."

"ဒါဆို ကိုယ်ကဘယ်လိုလုပ်ရမှာလဲ...ပွဲတိုင်းယွဲ့အာပဲနိုင်နေတာကို...တော်ပြီးအစကပြန်ကစားမယ်ကွာ...."

တျန်းရန်ကထိုသို့ပြောရင်း ချူယွဲ့၏ နိုင်တော့မည့် ကျားကွက်ခုံပေါ်မှ အစီအရင်အလိုက်ချထားတဲ့ ကျားစေ့များကို ဖယ်ရှားပစ်လိုက်လေသည်။

ဟုတ်ပါတယ် ယခုတျန်းရန်တို့ဟာ ကျားကွက်ကစားနေတာဖြစ်ပါသည်။

စစ်စခန်းကနေ မြို့တော်ကိုပြန်လာသည့်လမ်းဟာ မြင်းဖြင့်ဆိုလျင်တောင် ရက်သတ္တပတ်၂ပတ်အထိမျှ ကြာမြင့်သောခရီးအား ဇာတ်လိုက်က မြင်းနှင့်သွားရမည့်အစား ဝေါယာဥ်ဖြင့် သွားလာစေသည်။

လွတ်လွတ်လပ်လပ် မြင်းစီးချင်သည့် တျန်းရန်အား မြင်စီးခွင့်မပေးပဲ သူနှင့်အတူ ဝေါယာဥ်ကျယ်ကြီးထဲမှာ အတူလိုက်ပါစေလေသည်။

ထိုပြင် မူလခန္တာကိုယ်ပိုင်ရှင်ရော တျန်းရန်ပါမကျွမ်းကျင်သည့် ကျားကွက်အား သူနှင့်အတူ ဆော့ကစားစေရန် တောင်းဆိုလေသည်။

သို့သော် ကစားစေချင်သည့် နည်းလမ်းဟာထူးဆန်းနေတာကိုတော့ တျန်းရန်ပြန်မပြောနိုင်ပါ။

မျက်နှာချင်းဆိုင် ဆော့ကစားရသည့် ကျားကွက်အား အဆန်းထွင်ကာ သူ့အားအနောက််မှသိုင်းဖက်လျက် ဆော့ကစားနေရခြင်းဖြစ်၏။

အပြင်မှာသာ စိတ်ဆိုးဟန်ပေါ်သော်ငြား ဇာတ်လိုက်အလိုကျ တျန်းရန်ကိုယ်တိုင်ကလည်း မငြင်းဆန်ပဲ ခရီးတစ်လျောက် နှစ်ယောက်သား ပူးကပ်နေကြလေတော့သည်။

အခု့လည်း ရန်အားသိုင်းဖက်ကာ ဂုတ်ပိုးဖြူဖြူလေးထက် မေးတင်ကာ ကျားကွက်ကစားနေသည့် ချူယွဲ့က ရန်၏ချစ်စရာကောင်းသည့်သွင်ပြင်အား အသဲယားစွာ  အနည်းငယ်သာရယ်မောရင်း  သူ၏ချစ်ရသူ  အလိုကျ ကစားပွဲကိုပြန်လည်စတင်နေလေသည်။

"arr ကိုယ့်ရဲ့မြင်းကိုမစားပစ်နဲ့လေ....."

"ဟော ရန်ရဲ့ မြင်းက ကိုယ့်ပိုင်နက်ထဲရောက်လာတာလေ"

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Tempat cerita menjadi hidup. Temukan sekarang