<Unicode>
ဘာလိုိလိုနှင့် အချိန်ကာလဟာ ၂လကြာသို့ ကူးပြောင်းလာလေသည်။
နှင်းတွေ ဖုံးအုပ်နေတဲ့ နန်းတော်တစ်ခုလုံးရဲ့ မြင်ကွင်းကို ထီးလေးကိုင်ကာ ငေးကြည့်နေတဲ့ ငွေဖြူရောင်ဆံနွယ်တွေနှင့် ဦးရီးေတာ်ရဲ့ ပုံရိပ်ဟာ ငေးမဝနိုင်တဲ့ ပန်းချီကား တစ်ချပ်လိုပင်။
အေးစက်လွန်းတဲ့ အရှင်ရဲ့ နှလုံးသားဟာ အရှင့်ရဲ့ စိတ်အခြေအနေထက်တောင် ပိုအေးစက်နေမည်ဆိုတာ မခန့်မှန်းပဲတောင် သိရှိနိုင်လေသည်။
ခရမ်းရင့်ရောင် ဝတ်ရုံရှည်နှင့် ရိုးရှင်းတဲ့ အဆင်တန်ဆာတွေကို ပြင်ဆင်ထားသော်လည်း အရှင့်ရဲ့ ထည်ဝါမှု့ဟာ မှေးမှိန်မသွားပေ။
ပြုံးပြုံးလေးဖြင့် လက်တစ်ဖက်နောက်ပစ်ကာ တစ်ဖက်က ထီးကိုကိုင်ပြီး ကျဆင်းနေတဲ့ နှင်းတွေကို ကြည့်ရှုနေတဲ့ အရှင့်ရဲ့ နှုတ်ခမ်းကွေးလေးတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာကများ စောင့်ကြိုနေမှာပါလိမ့်။
ထိုသို့ ပြုံးနေတဲ့အရှင့်ရဲ့ မြင်ကွင်းကိုကြည့်ရှုနေရင်း၌ပင် အရှင့်ရဲ့ နှုတ်ခမ်းကွေးလေးတွေဟာ ပိုမိုတွန့်ကျိုးလာပြီး သူရှိရာကို အရှင်ထံမှ အကြည်တစ်ချက် ရောက်ရှိလာလေသည်။
"ကိုယ်တော်ကို ဘယ်ချိန်ထိ ေငးကြည့်နေဦးမှာလည်း သေနာပတိ .."
"အရှင့်အား ဂါဝရပြုပါတယ်"
"အဲ့တာတွေမလိုပါဘူး၊ ဒီချိန်မှာ ကိုယ်တော်တို့က သူငယ်ချင်းတွေပဲ"
"ကျွန်တော် မခံယူသင့်ပါဘူး အရှင်"
"မုဖန် မင်းကတော့ အရင်အတိုင်းပဲ"
STAI LEGGENDO
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Narrativa Storicaဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021