Part 7

14.3K 1.5K 41
                                    

<Unicode>

ကျယ်ဝန်းလှသည့် ညီလာခံခန်းမဆောင်ကြီးထဲရှိ နဂါးပုလ္လင်ထက်တွင် ငွေဖြူရောင်ဆံနွယ်တွေနှင့် စိမ်းပြာရောင်ဝတ်ဆုံဝတ်ဆင်ထားသော ဦးရီးတော်ဟာ တစ်စုံတစ်ခုကို တွေးတောနေဟန်ရှိသည်။

တျန်းရန် ပုလ္လင်ထက််မှာထိုင်နေရင်းနဲ မူလဇာတ်ကြောင်းကို ပြန်စဥ်းစားနေမိသည်။

ဇာတ်လိုက်လေးက တဖြေးဖြေးအရွယ်ရောက်လာပြီ အဲ့ပြင်ဟိုတစ်လောကပဲ မိုးခေါ်ပွဲကျင်းပခဲ့တော့ ဇာတ်လိုက်အကြောင်းနဲ့ပတ်သတ်ပြီး ပြည်သူတွေက ဇာတ်လိုက်ကို နတ်ဘုရားသဖွယ်ထင်မှတ်နေကြပြီ။

ဒါဟာ တျန်းရန်၏ ဇာတ်ကြောင်းကိုပြောင်းမည့်အစီအစဥ် အောင်မြင်တယ်ဟု ပြောရမည်ဖြစ်သည်။

ဇာတ်ကြောင်းဆိုမှ သူဒီကနေ ဝမ်ရယ်အိမ်တော်ကို ပြန်ရမည်ဖြစ်သည်။

ဟိုတစ်လောက သူကိုယ်လုပ်တော်လျန်ကို အိမ်တော်ကို ပြန်လာခဲ့မည်ဟု ကတိပေးလိုက်တာကြောင့်ရော ဒီထဲကိုရောက်လာကထဲက တစ်ခါမှလဲမသွားရသေးတော့ တျန်းရန်စူးစမ်းဖို့ သွားရမည်ဖြစ်သည်။

ထိုသို့တျန်းရန်တွေးတောနေစဥ်မှာတင် ရုတ်တရတ် ပုလ္လင်နောက်ပါးမှ ရှပ်ခနဲခြေသံကြားလိုက်ရခြင်းနှင့်အတူ တျန်းရန်၏ ခန္တာကိုယ်ကသတိရှိစွာ ထိုခြေသံလာရာဘက်ကို တျန်းရန်၏ ခါးအနောက််မှာချိတ်ထားသည့် ယပ်တောင်နှင့် တျန်းရန်လည်တိုင်ကိုထိကပ်လာသည့် ထိုဓားကိုကာရံထားလိုက်လေသည်။

အမှန်တော့ တျန်းရန်က သိုင်းလုံးဝမတက်ပေ ဒါ့ကြောင့် တျန်းရန်အတိုင်းဆို ထိုခြေသံကိုကြားမှာတောင်မဟုတ်ပေ။

သို့သော် ယခုတျန်းရန်ဝင်ထားသည့် ဦးရီးတော်တျန်းရန်ကတော့ သိုင်းပညာမှာထူးချွန်တဲ့လူဖြစ်တာကြောင့် သံသယဖြစ်စရာတစ်ခုခုကြားတာနဲ့ ခန္တာကိုယ်ကအလိုအလျောက် ခုခံကာကွယ်တက်နေတာကြောင့် တျန်းရန်အခုလို့ အလိုက်သင့်လေးနေလိုရတာဖြစ်သည်။

မဟုတ်ရင်တော့ တျန်းရန်ဝတ္ထုထဲရောက်သည့် ပထမဦးဆုံးနေမှာတင် ခေါင်းပြတ်သွားမည်ဆိုတာ အသေအချာပင် ဖြစ်လိမ့်မည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now