Part 36

8.6K 843 13
                                    

အားနာပါတယ် ရွေရည်အပိုင်းမှားတင်မိသွားလို့

<Unicode>
နားထဲဖုန်းမြည်သံလိုလို ကြားလိုက်ရတာကြောင့် မျက်ဝန်းများကိုဖြတ်ခနဲဖွင့်လှစ်မိသည်။

နိုးထလာသည့်သူနှင့်ကွဲပြားစွာ နံဘေးမှာ ဗလာကျင်းခန္တာကိုယ်ဖြင့် အိပ်ပျော်နေသည့် လူကြောင့် တျန်းရန်ပြုံးရင်း ထလိုက််မိသည်။

ထိုချိန်မှာပဲ တျန်းရန်ဖုန်းကအသံမြည်လာတာကြောင့် ကြည့်လိုက်တော့ မင်ကောပင်။

"Hello မင်ကော"

"ဟုတ် သူအိပ်နေတုန်းပဲ"

"arr ကျွန်တော်သိပါပြီ ၊ ခဏနေ သူ့ကိုနိုးလိုက်ပါမယ် ၊ ဟုတ်ကဲ့ ဒါဆိုbye"

မင်ကောနှင့်ဖုန်းပြောပြီးသည်နှင့် တျန်းရန်က ဖုန်းပြောနေသံကြားတာတောင် အိပ်ပျော်နေသောလူကြီးအား တစ်ချက်ကြည့်ကာ ကုတင်ပေါ်မှခြေဆင်းချလိုက်လေသည်။

ခြေထောက်ချလိုက်သည်နှင့် စူးခနဲဖြစ်သွားသည့် ခံစားချက်ကြောင့် လူကတွန့်သွားသော်လည်း ဒီတိုင်း ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသာဝင်လာခဲ့လိုက်သည်။

ကိုယ်လက်သန့်စင်ပြီး ယူဆောင်လာသောအဝတ်အစားအချို့ကို ဝတ်ဆင်ရင်း မှန်ထဲမှတစ်ဆင့် လက်စကြွယ်၌ ထင်ဟပ်နေသော လက်စွပ်၏ပုံရိပ်ကြောင့် ခပ်သောသောပြုံးရင်း စိုစွတ်နေသောဆံပင်များကိုဖွကာ တဘတ်ဖြင့်သုတ်လိုက်လေသည်။

အားလုံးပြီးစီးတော့မှ သူအရှေ့သို့ပြန်ထွက်လာစဥ် ချဆင်းထားသော လိုက်ကာစများထဲမှ တစ်စကိုဖယ်ရင်း မှန်ပြင်များမှတစ်ဆင့် ဖြေးညင်းစွာတိုးထွက်လာသော နေအလင်းရောင်အား ငေးကြည့်နေမိသည်။

မနက်၇နာရီနာရီစွန်းစွန်းမျှသာဖြစ်တာမို့ မြို့၏တစ်ချို့နေရာတွေမှာ နေရာထိုးမဖောက်သေးပေ။

~ပြွတ်စ်~

"မွှေးနေတာပဲ ရေချိုးပြီးသွားပြီလား"

လည်တိုင်အားနမ်းရှုပ်ရင်း မေးခွန်းတစ်ချို့နှင့် နောက်ပါးမှသိုင်းဖက်ထားသူကြီး၏
လက််မောင်းတို့က တင်းကြပ်နေစမြဲပင်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now