Part 17

12.6K 1.3K 50
                                    

<Unicode>

ဘာလိုလိုနဲ့ ဒီကနေ့ဟာ တိုင်းပြည်နှစ်ခုစစ်ခင်းရမည့်နေ့ကို ရောက်ရှိလာခဲ့လေသည်။

"အရှင်မင်းကြီး စစ်သည်တွေအကုန် အဆင်သင့်ဖြစ်နေပါပြီ"

"ကိုယ်တော်သိပြီ.......ရန်ရန် ကျွန်တော်ကို ဆက်ခွံလေ..."

အေးစက်နိုင်လွန်းတဲ့ ဇာတ်လိုက်နဲ့မတူညီစွာတျန်းရန်ကတော့ အလွန်ပင်စိတ်ပူပန်နေလေသည်။

အခု မုဖန်က စစ်ထွက်ဖို့အဆင်သင့်ဖြစ်နေပြီလို့ လာပြောနေတာတောင် ဇာတ်လိုက်က သူ့ကိုမုန့်ခွံကျွေးခိုင်းနေသေးတယ်။

တျန်းရန်သိပါတယ် ယွဲ့အာကဇာတ်လိုက်ဆိုတာ ဒါပေမဲ့ အရင်တုန်းကလိုဆို ဘာမှစိတ်မပူနဲ့နေနိုင်မှာဆိုပေမဲ့ အခု့ကမတူဘူးလေ။

အခုကဇာတ်ကြောင်းပြောင်းလဲသွားပြီ ပြီ‌ေးတာ့ ဘယ်လောက်ပဲ ဇာတ်လိုက်ဖြစ်ပါစေဦးတော့ တျန်းရန်စိတ်ပူရတာက စိတ်ပူရတာပါပဲ။

သူလည်း သူ့ကိုယ်သူဘာဖြစ်သွားမှန်း သေချာကိုမသိတော့ဘူး။

ဒါပေမဲ့ သူဇာတ်လိုက်ထိခိုက်ဒဏ်ရာရမှာ မကြိုက်ဘူး။

ဇာတ်လိုက်က ဘယ်လောက်ပဲတော်တယ်လိုပြောပြော အခုကစစ်မြေပြင်မှာဆိုတော့ တစ်ဖက်လူကဇာတ်လိုက်ထက် ပိုတော်နေရင်ဘယ်လိုလုပ်မလဲ။

ပြီးတော့ အဲ့လူက ဇာတ်လိုက်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ။

ထိုအတွေးများစွာဖြင့် တျန်းရန်ဟာ မုန့်ပန်းကန်လေးကိုကိုင်ရင်း မှိုင်ထွေနေမိသည်။

တျန်းရန်၏ အုံ့မှိုင်းနေသည့်ထိုအခြေအနေကို ချူယွဲြ့က သတိထားမိနေတာကြောင့် ဇွန်းကိုကိုင်ထားတဲ့ တျန်းရန်၏ လက်ဖဝါးကိုအုပ်မိုးကိုင်ရင်း သူနှင့်အကြည့်ချင်းစုံလိုက်စေသည်။

အစောကအထိ စိတ်ဒုက္ခရောက်နေတဲ့ တျန်းရန်ဟာ နီးကပ်စွာတည်ရှိနေတဲ့ ဇာတ်လိုက်၏မျက်နှာကြောင့် မျက်တောင်တွေအကြိမ်ရေအနည်းငယ်မျှ ပုတ်ခတ်ပြီး မျက်နှာနုနုထွေးထွေးက ချက်ချင်းကိုရဲတက်လာတော့လေသည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now