Part 3

16.3K 1.8K 78
                                    

<Unicode>

"ယွဲ့အာ စားလို့အဆင်ပြေရဲ့လား"

ချူယွဲ့မိမိ မျက်စိရှေ့မှ လူကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိလေသည်။

သူဒီလူကို ခမည်းတော်နဲ့ မယ်တော်တို့ စာပန အခမ်းအနားမှာ သေသေချာချာကို မြင်ဖူးလေသည်။

အဲ့တုန်းက ဒီလူဟာ သူ့အား တစ်ချက််မျှသာကြည့်ကာ ၃ရက်ဆက်တိုက် ခမည်းတော်တို့ အခမ်းအနားမှာ ဒူးထောက်နေခဲ့သည်။

အထိန်းတော်ပြောတာတော့ ထိုလူဟာ မိမိ ဦးရီးတော်တဲ့၊ ခမည်းတော် ရှိစဥ်တုန်းက သူ့ကို ခမည်းတော်က ပြောပြလေ့ရှိတဲ့ ဦးရီးတော်ဆိုတာကြောင့် သူ့ထိုလူအကြောင်းအား သိသင့်သလောက်တော့ သိလေသည်။

အမြဲတမ်း အရာရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဦးရီးတော်အကြောင်း ခမည်းတော် ပြောပြတိုင်း ဦးရီးတော်ကို တွေ့ချင်ခဲ့ပေမဲ့လည်း တစ်ကယ့်တစ်ကယ့်တည်း တွေ့ကြရသည့်အခါမှာတော့ ခမည်းတော်တို့ရဲ့ စာပန အခမ်းအနားမှာပင်။

ငါးပြည်ထောင်မှာ ခမည်းတော်ထက်တောင်  နာမည်ကျော်ကြားလှတဲ့ ဦးရီးတော်ဆိုသူ။

တစ်ခါတစ်ရံ နန်းတော်တွင်း၌ ရံခြွေတော်တွေ နှုတ်ဖျားမှ ထိုလူအကြောင်း ကဗျာစပ်ဆိုသံတွေကိုပါ နားစွန်နားဖျားကြားဖူးတာမျိုး ရှိခဲ့ဖူး၏။

ငွေဖြူရောင်ဆံနွယ်၊ မက််မွန်စေ့သဏ္ဌာန် စူးရှလွန်းတဲ့ မျက်ဝန်း၊ ရဲဆွေးတဲ့ လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းလွှာ၊ သေးသွယ်တဲ့ ခန္တာကိုယ်၊ ထက််မြတ်တဲ့ ညဏ်ပညာ၊ အများထက် ထူးချွန်တဲ့ သိုင်းပညာတွေနဲ့ ငါးပြည်ထောင်မှ ချောမောတဲ့ နာမည်စာရင်းတွင် အမြဲထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဦးရီတော်ဆိုသူ။

အစတုန်းက ထိုစာတွေဟာ တမင်မြှောက်ပင့်ရေးသားထားတယ်ဟု ချူယွဲ့ ထင်မှတ်ခဲ့ပေမဲ့ တစ်ကယ့်တစ်ကယ်လည်း မျက််မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရချိန်မှာတော့ ထိုစာတွေထဲက ‌ေရးသားထားတာထက် ဒီလူဟာ ပိုလှကြောင်း သိရှိရလေသည်။

ဒီကာလအတောအတွင်းမှာ ထိုလူရဲ့ အကြောင်းကို ချူယွဲ့နည်းနည်းတော့ ရိပ်မိလေသည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Unde poveștirile trăiesc. Descoperă acum