Part 14

12.3K 1.3K 39
                                    

<Unicode>

(A/N အခုကစပြီး ဇာတ်လိုက်က သူတစ်ယောက်ထဲရှိနေချိန် ဒါမှမဟုတ် သူတွေးနေချိန်မှာ တျန်းရန်ကို "ရန်"လို့ပဲ ရေးသားပါတော့မယ်)

နန်းတော်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်ကာ အသက်တောင်ပြင်းပြင်းမရှုရဲလောက်အောင် အေးစက်နေသည်မှာ ဒီကနေ့နဲ့ဆို ၃ရက်‌ေမြာက်‌ေန့ရှိပြီဖြစ်သည်။

အကြောင်းမှာက နန်းတက်ပွဲနေ့က ထိခိုက်ဒဏ်ရာရကာ မေ့မျောသွားသည့် ဦးရီးတော်က အခုထိသတိပြန်လည်မလာသေးတာကြောင့်ပင်။

ထို့ပြင် နဂိုထဲကအေးစက်သည့် ဧကရာဇ်အသစ်ဟာလည်း ထိုဖြစ်ရပ်ကြောင့် ပိုမိုအေးစက်လာပြီး ညီလာခံတစ်ခုလုံးရှိ အမတ်ပေါင်းများစွာဟာလည်း ထိတ်လန့်စွာနေထိုင်နေကြရသည်။

ရွှေရောင် ဧကရာဇ်ဝတ်စုံပေါ်မှာ ဝင့်ကြွားစွာပြေးလွှားနေသည့် နဂါး၏ပုံပန်းဏ္ဌာန်နှင့်အတူ တည်တံကာအေးစက်လွန်းနေသည့် ဧကရာဇ်၏မျက်နှာတော်ကို ကြောက်လန့်နေရသော်လည်း လျှောက်တင်စရာရှိတာတော့ လျှောက်တင်ရမည်ဖြစ်တာကြောင့် အတွင်းဝန်အမတ်မင်းက အမတ်ချုပ်ကြီးကို အကူအညီတောင်းသည့် အနေဖြင့် လှမ်းကြည့်လေသည်။

အမတ်ချုပ်ကြီးကလည်း ထိုအကြည့်ကိုနားလည်သည်ဟန်ဖြင့် တည်ငြိမ်စွာနဲ့ပင် ခန်းမအလည်သို့ထွက်ကာ....

"အရှင်မင်းကြီး အခုတိုင်းသူပြည်သားတွေကြားထဲမှာ အရှင့်နန်းတက်ပွဲနေ့က ဦးရီးတော်ရဲ့အကြောင်းတွေက တောမီးသဖွယ်ပျံ့နှံ့နေပါတယ် ဒါ့ကြောင့် ပြည်သူတွေအထိတ်အလန့်မဖြစ်စေဖို့ အရှင်မင်းကြီး့ဘက်က တစ်စုံတစ်ရာကို ထုတ်ပြန်ဖို့တော့ လိုပါလိမ့်မယ်"

အမတ်ကြီး၏ထိုသို့မေးခွန်းဟာ ညီလာခံထဲကအမတ်တိုင်း၏ သိချင်စိတ်ကို ပြောပြလိုက်သလိုပင်။

အမှန်တစ်ကယ်လည်း အမတ်တွေဟာ ထိုသတင်းစကားဟာ မှန်ကန်လားဆိုတာသိချင်နေကြတာပင်။

ချူယွဲ့က အမတ်ချုပ်ကြီး၏ စကားကို ချိုသည်ဖြစ်စေခါးသည်ဖြစ်စေ တစ်ခွန်းမှပြန်မတုံပြန်ပဲ ငြိမ်သက်စွာနှင့်သာ နဂါးပုလ္လင်၏လက်ရန်းကို သူ၏ရှည်သွယ်သော လက်ချောင်းတွေဖြင့်သာ တတောက်တောက််အသံမြည်အောင် ပြုလုပ်‌နေတော့သည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now