Part 19

12.3K 1.3K 33
                                    

<Unicode>

နွေးထွေးတဲ့ဖက်တွယ်ခြင်းကို ခံစားမိနေသည်။

ကျယ်ပြောပြီး စိတ်အေးချမ်းစေတဲ့ခံစားမှု့လေးနှင့်အတူ တျန်းရန် သူ၏မျက်ဝန်းတွေကို ဖွင့်လှစ်လိုက််မိတော့သည်။

ထိုချိန်မှာပဲ သူ၏မျက်ဝန်းထဲဝင်ရောက်လာတာက ဖြောင့်တန်းတဲ့ မျက်ခုံးမွေးတွေနဲ့ ချောမောတဲ့မျက်နှာပိုင်ရှင်ဖြစ်သူ ယွဲ့အာ။

ရွှေရောင်နဂါးသဏ္ဌာန်ချည်ပါဝင်သော်
အတွင်းဝတ် ပိုးဖြူရောင်ကိုဝတ်ဆင်ကာ သူ့အားရင်ခွင်ထဲထွေးပွေ့ထားတဲ့ ယွဲ့အာကိုကြည့်ရင်း တျန်းရန်နှုတ်ခမ်းတို့က အရှက်သည်းစွာ ဖိကိုက်လိုက််မိသည်။

ထိုပြင် ညက နှစ်ဦးသားနက်ရှိုင်းစွာနမ်းရှိုက်ခဲ့ကြသည့် အကြောင်းအရာတစ်ချို့အား ပြန်လည်တွေးကြည့်မိရင်း တျန်းရန် သူ၏နှုတ်ခမ်းကို လက်ဖြင့်ပွတ်ဆွဲမိလေသည်။

ယွဲ့အာက သူ့ကိုချစ်တယ်လို့ပြောခဲ့တယ်။သူကလည်း ထိုစကားကိုလက်ခံခဲ့တယ်။

ဒါဆို အခု့ယွဲ့အာနဲ့သူကချစ်သူတွေလို့ တျန်းရန်သတ်မှတ်လို့ရသွားပြီဟုဆိုနိုင်‌ေလသည်။

အဲပြင် ယွဲ့အာကလည်း အခု့သူ၏ကောင်လေးဖြစ်သွားလေပြီ။

တျန်းရန်သူ၏စိတ်ကူးထဲမှ အတွေးတွေကြောင့် သဘောတကျပြုံးရင်း လှဲအိပ်နေရာမှထကာ အိပ်ပျော်နေသော် ယွဲ့အာ၏မျက်နှာလေးကိုသာ လက်ညှိုးလေးဖြင့် လိုက်လံထိတွေ့နေမိသည်။

မဲနက်တဲ့ဆံသားတွေ၊ဖြောင့်တန်းတဲ့မျက်ခုံးတွေကအစပြုလို့ နောက်ဆုံးမိုးမခကိုင်းသဏ္ဌာန် ညှို့ယူနိုင်သော နှုတ်ခမ်းတွေနဲ့ ရှည်လျားပြီးသွယ်လျှတဲ့ လက်ချောင်းတွေအဆုံးထိ အခု့ထိုအရာအားလုံးဟာတျန်းရန်အပိုင်ဖြစ်သည်။

ရင်ထဲအသည်းထဲအထိ ပျော်ရွင်မှု့ဟာ တျန်းရန်မျက်နှာမှာ ထိန်းမရဖြစ်လာတာကြောင့် အချိန်တိုင်းအလိုလိုကို
တျန်းရန်ဟာ
ပြုံးရွင်နေမိသည်။

အချိန်အတော်ကြာ ပျော်ရွင်စွာငေးကြည့်နေရင်း အတော်ကြာမှ ကိုယ်လန်သန့်စင်ရန် ထလာခဲ့လိုက်တော့သည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now