Extra 2

6.3K 610 15
                                    

<Unicode>

"ဒီနှစ်ကုန်တဲ့အထိ ကိုယ့် scheduleတွေအကုန်ရှင်းထားလိုက်တော့"

ကားပေါ်ကဆင်းရင်း ပြောသွားသည့် ကျွင်းဟောက်စကားကို မင်ရှန်းက သိပြီဟုပြောကာ ထွက်ခွာသွားလေတော့သည်။

Vanကားထွက်သွားတာနဲ့ ကျွင်းဟောက်က ခြံထဲရှိpasswordရိုက်နိှပ်ကာ အိပ်ထဲဝင်ရောက်လာခဲ့သည်။

မိဘတွေနေတဲ့ယန်အိမ်တော်မှ သူတို့ပြန်လာပြီးကတည်းက ကျွင်းဟောက်၏အလုပ်ကိစ္စများနှင့် တျန်းရန်၏ဘွဲ့စာတမ်းကိစ္စတွေဖြင့် နှစ်ယောက်သားကိုယ်စီအလုပ်ရှုပ်နေခဲ့ကြတာဖြစ်သည်။

အထူးသဖြင့် သူကဇာတ်ကားရိုက်ကူးချင်းနှင့် ပိုအလုပ်ရှုပ်နေခဲ့ခြင်းဆိုပိုမှန်မည်။

ကိုယ်အတွေးနဲ့ကိုယ်တွေးရင်း
လင်းထိန်နေတဲ့ခြံဝန်းနှင့် ကွဲပြားစွာမှောင်နေသည့် အိမ်ဧည့်ခန်းကြောင့် ကလေးအိပ်သွားပြီဖြစ်မှန်းသတိရလိုက်သည်။

ဒါ့ကြောင့် အိပ်ခန်းတံခါးအားငြင်သာစွာဖွင့်လိုက်တော့ ကျယ်ဝန်းလှတဲ့အိပ်ယာကြီးထက််မှာ အိပ်ပျော်နေသော ကလေးကိုတွေ့မြင်နေရသည်။

ခါတိုင်းသူပြန်အလာကိုစောင့်နေတက်ပေမဲ့ ယနေ့တော့ စောစီးစွာအိပ်ပျော်သွားပုံရတဲ့ကလေးကို မနိုးစေချင်ကြောင့် ရေချိုးခန်းတံခါးကို တိတ်ဆိတ်စွာဖွင့်ရင်း ကိုယ်လက်သန့်စင်ခြင်းကို ပြုလုပ်ရလေသည်။

ထို့နောက် ဆင်တူpajamasတစ်စုံကို ဝတ်ဆင်လိုက်ရင်း အိပ်ပျော်နေသောကောင်ကလေး မနိုးအောင်နောက်ပါးမှညင်သာစွာ ထွေးပွေ့ထားမိသည်။

ဒီနှစ်‌တွေထဲပိုမိုများပြားလှသည့်အလုပ်တွေကြောင့်နှင့်ရော ၊ ရိုက်ကူးလက်စဇာတ်ကားများကြောင့်ပါ သူအရမ်းအလုပ်ရှုပ်နေခဲ့တာဖြစ်သည်။

ထိုသို့အချိန်တိုင်းလည်း သူ့အား နားလည်ပေးကာ ဖြည့်ဆည်းပေးတက်သည့် ကလေးကြောင့် သူပို၍အားတက်ခဲ့ရသည်။

သို့သော် ယခုတော့လုပ်လက်စ အလုပ်များက ပြီးဆုံးသွားပြီဖြစ်တာကြောင့် နောက်ထပ်အလုပ်အသစ်လက််မခံတော့ပေ။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now