Part 24

10.5K 1.1K 90
                                    

<Unicode>

ကြာညောင်းလှတဲ့ အမှုထမ်းဆုပေးအပ်ပွဲ အခမ်းအနားဟာာ ဧကရာဇ်အဆောင်တော်ထဲမှ ထွက်ခွာသွားတာနဲ့ ပြီးဆုံးသွာကြလေသည်။

ပုံမှန်အတိုင်းသာဆို တျန်းရန်ဟာ ဧကရာဇ်ထွက်ခွာသွားတာနဲ့ တစ်ပါတည်းလိုက်ပါသွားတတ်ပေမဲ့ ဒီကနေ့တော့ သူဟာ လုယွမ်လီကို နှုတ်ဆက်ရန်အတွက် ပွဲအခမ်းအနားမှာ ကျန်ရစ်နေခဲ့လေသည်။

သို့သော် သူထိုသို့သွားမနှုတ်ဆက်ခင်မှာပဲ လုယွမ်လီဟာ အခမ်းအနားထဲမှ လျှင်မြန်စွာထွက်ခွာသွားတာကြောင့်ရော် ထိုပြင် အမတ်ချုပ်ကြီးကပါ တျန်းရန်ရှိရာကို လာရောက်နှုတ်ဆက်တာကြောင့်ရော် တျန်းရန်လည်း ညနေ စားသောက်ပွဲမှပဲ စကားပြောတော့မည်ဟု ဆုံးဖြတ်ကာ အမတ်ချုပ်ကြီးနှင့်အတူ ခန်းမထဲမှ ထွက်ခွာလာခဲ့လေသည်။

နှစ်ယောက်သားဖြေးညင်းစွာ စကားစမြည်ပြောရင်း လျှောက်လှမ်းလာချိန် ရုတ်တရတ် အမတ်ချုပ်ကြီးစကားတစ်ခွန်းကြောင့် တျန်းရန်က လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်လေသည်။

"ကိုယ်တော် အဲအကြောင်းကိုမသိခဲ့ဘူး တကယ်ပဲ ယွဲ့အာ....အဟမ်း အရှင်မင်းကြီးက အဲလိုအဖြစ်အပျက်တွေရှိခဲ့သေးတာလား"

တျန်းရန်က ဇာတ်လိုက်အား ယွဲ့အာဟု ခေါ်ဝေါ်ခြင်းဟာ အကျင့်ဖြစ်နေခဲ့တာကြောင့် အမတ်ချုပ်ကြီးရှေ့မှာ အနေမခက်စေရန် အမည်ပြောင်းလဲခေါ်ဝေါ်ရလေသည်။

"အရှင်မင်းကြီးက အမှုထမ်းစာမေးပွဲက အဖြေလွှာတွေကို သူကိုယ်တိုင်စစ်ဆေးခဲ့တာပါ အရှင့်သား"

အမတ်ချုပ်ကြီးက ထိုသို့ပြောရင်း တစ်စုံတစ်ရာကိုတွေးမိသွားဟန်ဖြင့် သူ၏အင်္ကျီဝတ်ရုံစကို သပ်တင်ရင်း....

"စာစစ်ဌာနကအမှုထမ်းတွေပြောတာတော့ အရှင်မင်းကြီးက ယွင်ခရိုင်ကိုယ်စားပြု ပထမရသွားတဲ့ စာသင်သားရဲ့အဖြေလွှာကို ပယ်ချဖို့အမိန့်ပေးခဲ့ပါတယ် ဒါပေမဲ့ နောက်နေ့ကြ ‌ေ‌တာ့ ထိုအဖြေလွှာကို ပြန်ပြီးလက်ခံဖို့ အမိန့်ပြန်ထုတ်ပြန်ခဲ့လို့ သိရပါတယ်အရှင့်သား..."

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now