<Unicode>
ချယ်ရီပန်းပင်ကြီးရဲ့အောက််မှာ ရပ်တန့်ကာ လှုပ်ခတ်သွားတဲ့ လေပြေအတိုင်း ဝေ့ဝဲနေတဲ့ ငွေဖြူရောင်ဆံနွယ်တွေရဲ့ အရှင်က ခပ်ထွေထွေလေးပြုံးကာ တစ်စုံတစ်ခုကို တွေးတောနေလေသည်။
တျန်းရန် တဖြေးဖြေးကြွေကျနေတဲ့ ချယ်ရီတွေကိုကြည့်ရင်း အတွေးတွေကြီးဆိုးနေလေသည်။
ဘာလိုလိုနှင့် သူဒီကိုရောက်နေခဲ့တာ ၂လကျော်ပြီဖြစ်သည်။
သူဒီမှာရောက်နေတော့ ဟိုဘက််မှာဘယ်လိုဖြစ်နေခဲ့မလဲ စဥ်းစားကြည့်မိသည်။
သူသေများသေပြီလား၊ ဒါမှမဟုတ် အခုလောက်ဆိုဆေးရုံများရောက်နေလေမလား။
ဒီအတွေးဟာလည်း တစ်ခါတလေမှသာဖြစ်သည်။
ဇာတ်လိုက်ရဲ့ ချွဲနွဲမှုတွေနဲ့ တျန်းရန် တစ်ခါတလေ မိမိက ဝတ္ထုထဲကို ကူးပြောင်းလာရသည်ကိုပင် မေ့ကာ ပျော်ရွင်နေမိလေတာကြောင့် ဟိုဘက်ကိုတောင် မပြန်ချင်တော့ပေ၊သို့သော် ဒီနေရာက သူနဲ့သက်ဆိုင်တဲ့နေရာမဟုတ်ပေ၊ သူဟာ ဒီကိုအလည်လာတဲ့ ဧည့်သည်တစ်ယောက်သာဖြစ်ပြီး ဇာတ်လိုက်ကြီးပြင်လာလို့ ဘုရင်အဖြစ်ကောင်းကောင်းနန်းတက်လို့ရနိုင်တာနဲ့ တျန်းရန် ပြန်ထွက်သွားရမည်ဖြစ်သည်။
ထိုသုိ့ ခပ်ထွေထွေလေးပြုံးနေတဲ့ တျန်းရန်ကို ကလေးလေးတစ်ယောက်က ငေးကြည့်ခဲ့သည်။
ထိုနောက််မှာတော့ ထိုကောင်လေးဟာ သေနာပတိနဲ့ စစ်ရေးလေ့ကျင့်လို့ရလာတဲ့ လက််မှဒဏ်ရာတွေကို တစ်ချက်ငုံကြည့်ကာ စူးရှတဲ့ မျက်ဝန်းတွေက ခဏအကြာမှာတော့ အရမ်းနာကျင်နေယောင်ဖြင့် ခပ်လှမ်းလှမ်းက ချယ်ရီပင်ကြီးအောက်က လူရှိရာကို ပြေးသွားလိုက်တော့သည်။
YOU ARE READING
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}
Historical Fictionဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain Uncle (ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော်) September-16-2021