Part 16

12.4K 1.3K 36
                                    

<Unicode>

"အရှင်မင်းကြီး"

"ရန် ဘယ်မှာလဲ.."

"အရှင်မင်းကြီးကိုလျောက်တင်ပါတယ် မင်းသားရန်က ‌ေတာ်ဝင်ဥယျာဉ်တော်ထဲမှာ အနားယူနေပါတယ်"

"ကျန်း သိပြီ"

ချူယွဲ့က ထိုသို့ပြောရင်း မင်းသားရန်၏အဆောင်တော်သို့ ကြွလှမ်းနေသည့် သူ့၏ခြေလှမ်းတွေကို တော်ဝင်ဥယျာဥ်တော်ဘက်သို့ ပြောင်းလဲလိုက်လေသည်။

ရန်၏ ဒဏ်ရာတွေပြန်သက်သာလာကထဲက ရန်က ဘုရင့်ဦးရီးတော်မဟုတ်တော့လို့  ဧကရာဇ်နန်းဆောင်မှာ မနေသင့်ဘူးဆိုပြီး နန်းတွင်းထဲကထွက်ခွာဖို့ သူ့အားလျှောက်ထားခဲ့သည်။

သို့သော် ထိုစကားကို ချူယွဲ့ကဘယ်လိုလုပ် လက်ခံနိုင်မှာတဲ့လည်း။

ဒီတော့ အရင်ကထဲက သူ့အနားကဘယ်တော့မှထားမသွားဘူးဆိုတဲ့ ရန့်၏ကတိဖြင့် အကြပ်ကိုင်ကာ သူ၏နန်းဆောင်မှာမဟုတ်ပဲ သက်သက်နန်းဆောင်အသစ်မှာ ပြောင်းလဲနေထိုင်စေခဲ့သည်။

ယခုလည်း မနက်ခင်းညီလာခံတက်ရောက်ပြီးကထဲက အရိပ်တောင်မမြင်ရတဲ့ သူ၏ရန်ကို ရှာဖွေရန် ချူယွဲ့မှာကြိုးပမ်းရပြန်သည်။

အချိန်အတော်ကြာသည့်အခါမှာတော့ သူ၏ချစ်ရသူရှိနေသည့် တော်ဝင်ဥယျာဥ်တော်သို့ ချုယွဲ့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

အရောင်တွေထဲမှာမှ အပြာရောင်ကိုအနှစ်ခြိုက်ဆုံးဖြစ်တဲ့ ရန်ဟာ သူ၏ဝတ်စုံနှင့် အသုံးအဆောင် အတော်အများကို အပြာနုရောင်အစိမ်းနုရောင်လေးတွေ သုံးစွဲတာများလေသည်။

အခု့လည်း အပြာနုရောင်ဝတ်စုံလေးကိုမှ ဝတ်ဆင်ကာ ချူယွဲ့ သဘောကျနှစ်သက်သည့် ငွေဖြူရောင်ဆံနွယ်တွေကိုဖြန့်ကာ ဥယျာဉ်အတွင်းရှိ အဆောင်ငယ်လေးအတွင်းမှာ လဲလျောင်းနေလေသည်။

"အရှင်မင်းကြီး..."

"အားလုံးထွက်သွားကြ..."

ချူယွဲ့ သူ့အားတွေ့သည်ဖြင့် အိပ်ပျော်နေသော် ရန့်အားကြည့်ကာ ထိတ်လန့်နေသည့်ထိုလူတစ်စုကို ထွက်သွားခိုင်းလိုက်ရလေသည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now