Part 37

8.9K 805 18
                                    

<Unicode>

"ကလေးစိတ်အေးအေးထား"

"ဟုတ်ကဲ့"

ကျွင်းဟောက်က ထိုသို့ပြောရင်း ကြောက်ရွံ့နေသည့် တျန်းရန်၏ လက်ဖဝါးလေးအား ဆုပ်ကိုင်ကာ အားပေးလေသည်။

တျန်းရွမ်လွီက သူ၏အရှေ့မှမြင်ကွင်းကြောင့် ခေါင်းတွေတောင်ကိုက်လာသလိုပင်။

သူခရီးသွားနေရင်း Bမြို့တော်ကိုရောက်ရှိလာစဥ် အမှတ်မထင်ပဲ သူ့တူ၏ပုံရိပ်များကို မြိုလည်က TVဖန်သားပြင်ထက််မှာတွေ့မြင်လိုက်ရသည်။

သူငယ်ချင်းနေမကောင်းလို့ ထိုသူငယ်ချင်းအိမ်မှာ သွားအိပ်မည်ဟူသော သူ့တူက အခု့တော့ မင်းသားတစ်ယောက်နဲ့အတူ Bမြို့ကိုရောက်ရှိနေသည်။

တျန်းရွမ်လွီ အရှေ့ကနှစ်ယောက်ကို သေချာကြည့်နေလိုက်တာ နောက်ဆုံးတူဖြစ်သူ၏ လက််မှာစွပ်ထားတဲ့ လက်စွပ်ကိုမြင်ပြှီး ပိုတောင်ခေါင်းမူးသွားရလေသည်။

လက်ထပ်ထားခြင်းမဟုတ်သော်လည်း ထိုလမ်းကိုရည်ရွယ်သည့် လက်စွပ်ဖြစ်တာကြောင့် ရှေ့နေတစ်ဦးဖြစ်သည့်သူက လက်ထပ်ခြင်းဆိုတာ ချစ်နေလျှင် အလှပဆုံးနိဗ္ဗာန်ဟု့ဆိုနိုင်သောလည်း အချင်းချင်းအချစ်လျော့သွားလျှင် လက်ထပ်ခြင်းဆိုတာ ဆိုးရွားသည့်အကျဥ်းထောင်ကြီးအတိုင်းဆိုတာ ဘဝတစ်လျောက်လုံး သူသိမြင်လာခဲ့ရပြီး"လေ။

ယခု့ သူ၏တူဖြစ်သူကပါ ထိုအချုပ်အနှောင်မမြည်သော ချုပ်နှောင်မှု့ထဲ တိုးဝင်ဖို့ကြိုးစားနေတာကြောင့် သူခေါင်းစားလာရသလို စိုးရိမ်လာရသည်။

"အားရန် လက်စွပ်က...မင်း.."

"ဦး...ဦးလေး"

"မင်း အသက်ကငယ်သေးတယ်လေ...ပြီးတော့ အနာဂတ်မှာ မင်းတကယ်ချစ်တဲ့သူကိုလည်း တွေ့နိုင်သေးတာပဲ"

"ဟင့်အင်း ကျွန်တော် ကျွင်း ကိုချစ်တယ် ဦးလေး၊ ပြီး‌ေတာ့ အနာဂတ်မှာ သူတစ်ယောက်ကလွဲပြီး ကျွန်တော် ဘယ်သူကိုမှချစ်နိုင်မှာမဟုတ်ဘူး"

ရွန်းလဲသောမျက်လုံးများနှင့် စိတ်အားထက်သန်စွာပြောနေသည့် တူဖြစ်သူကြောင့် တျန်းရွမ်လွီ သက်ပြင်းချလိုက်ရင်း တူဖြစ်သူ၏ချစ်သူအား လှမ်းကြည့်လိုက်သည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now