Extra 4(end)

9.6K 682 27
                                    

<Unicode>

"ကျွင်း"

"......"

"လောင်ကုန်း.."

"က‌ေလး အဲလိုအကြည့်နဲ့ ကိုယ့်ကိုကြည့်လည်း ကိုယ်အဖြေက Noပဲနော်"

"အဟင့် ကျွင်းကလည်းလို့"

ထူထဲသည့်သူ၏ကုတ်အင်္ကျီထဲ အတင်းတိုးဝင်ကာ တောင်းဆိုလာသည့် ခေါင်းလုံးလုံးလေးကြောင့် ကျွင်းဟောက်တစ်ယောက် ဆက်ပြီးမငြင်းဆန်နိုင်တော့ပေ။

ဒါ့ကြောင့် သူက ဘေးပတ်ဝန်းကျင်၏ အကြည့်များကြား၌ပင် ထိုခေါင်းလုံးလုံးလေးအား နမ်းရှိုက်ကာ နှစ်ကိုယ်ကြားမေးလေသည်။

"ဘေးမှာလူတွေနဲ့လေ ကလေး မရှက်တော့ဘူးလား"

တျန်းရန်က ကျွင်းဟောက် စကားကြောင့် ခေါင်းလေးထောင်ကြည့်မိသည်။

အသိအသာကို သူတို့ဝိုင်းဆီရောက်နေသည့် လူများ၏အကြည့်ကို သတိထားမိလိုက်တာကြောင့် သူကလှစ်ခနဲ ကျွင်းဟောက်၏ ရင်ခွင်ထဲပြန်တိုးဝင်သွားကာ ပုန်းရှောင်နေလေသည်။

ကျွင်းဟောက်က ရှက်သွားသော ကောင်လေးကြောင့် ခေါင်းခါကာပြုံးရင်း စနောက်လေသည်။

"ကလေးက အဲတာကိုစားချင်တယ်မလား ဒါဆို ကိုယ့်ကိုလူတွေအရှေ့မှာနမ်းလေ"

"ကျွင်း!"

"ကလေး မလုပ်ဘူးဆိုရင်တော့......."

~ပြွတ်~

"ကျွန်တော် နမ်းပြီးပြီး ကျွင်း ကတိတည်ရမယ်"

ဖျတ်ခနဲ နမ်းပြီး ရင်ခွင်ထဲပုန်းလိုက်သည့် ကောင်လေးကြောင့် ကျွင်းဟောက်အသည်းတယားဖြစ်သွားရသည်။

"အဟွန်း! ကိုယ်ရူးတော့မှာပဲ"

"ဟင် ဘာကိုလည်း"

"ဟင်အင်း ၊ ကိုယ်ခွင့်ပြုတယ် ဒါပေမဲ့ အများကြီးမစားရဘူး "

"ဟီး ကျွင်းကအကောင်းဆုံးပဲဆိုတာ ကျွန်တော်သိသားပဲ"

"စကားတတ်တဲ့ကောင်လေး"

နှစ်ယောက်သားလည်ပတ်ပြီး ပြန်ရောက်တော့ ညနေကစောင်းနေပြီဖြစ်သည်။

🎉 You've finished reading ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete} 🎉
ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now