အပိုင်း ၁၇၄

Start from the beginning
                                    

ကပ်ဘေးက မရောက်သေး သူကတော့ သူ့မိန်းမကို စွပ်စွဲတာတွေအကုန်လုံးကို ခေါင်းခံဖို့ တွန်းပို့ဖို့ မစောင့်နိုင်တော့။ စာနာစိတ်ကင်းမဲ့လိုက်တာ!"

"ဟုတ်ပြီ မတုန်လှုပ်နဲ့ "ဘေးက ရဲက ပြုံးလိုက်သည်။ သူ့အပြုံးက အလွန့်အလွန်ကို ထေ့ငေါ့ပုံပေါ်နေသည်။ "ဘာတွေ တကယ် ဖြစ်သွားလဲ ရှာဖို့က ကျုပ်တို့အလုပ်ပါ ဘယ်သူကမှ မှားပြီး မစွပ်စွဲခံစေရပါဘူး"

"ရှရှီပေ!" ရှရှဟိုင် ရှရှီပေကို ချက်ချင်း ကြည့်လိုက်သည်။ "ရှီပေ ပေပေ သူတို့ကို ပြောလိုက် ငါ ဘာမှ မလုပ်ဘူးလို့ သူတို့ကို ပြောလိုက်!"

"သူတို့ကို သမီးက ဘာပြောနိုင်မှာလဲ?" ရှရှီပေ ခေါင်းရမ်းကာ ခိုးကိုးရာမဲ့နေပုံပေါ်သည်။ "ရဲတွေက ဘာဖြစ်လဲဆိုတာ ရှာပါလိမ့်မယ် မစိုးရိမ်ပါနဲ့ သူတို့က အဖေ့ကို မတရားဆက်ဆံမှာ မဟုတ်ပါဘူး!"

"သူမက မှန်တယ်! ယောက်ျားကြီးတစ်ယောက်ဖြစ်ပြီး ခင်ဗျားက ကလေးမလေးလောက် မသိတတ်ဘူး!" အခြားသူတွေလည်း သူမကို အသံထွက်ကာ ထောက်ခံကြသည်။

"သူ့လို ဆန်ကုန်မြေလေးအဖေက အရမ်းရွံစရာကောင်းတာဘဲ! သူ သူ့သမီးကို ဘာလုပ်ခဲ့လဲဆိုတာ မမှတ်မိဘူးလား? ပြီးတော့ အခုမှ သူက လှည့်ပြီး သူမကို အကူအညီတောင်းတယ်? ပျော့ညံ့လိုက်တာ!"

သူတို့ ရှရှဟိုင်နှင့် သူ့ဇနီးကို အရမ်း အထင်သေးသွားကြသညါ။

စောစောက သူတို့ ကလေးက သူတို့ကို တာဝန်မပိစေရန် အဆက်အသွယ်ဖြတ်လိုက်ကြသည်။

အဆက်အသွယ် ဖြတ်စေရန် သူ အိမ်ကို သူမနာမည်နှင့်ပင် လွှဲပေးလိုက်သည်။ သို့ပေမယ့် အိမ်ဈေးနှုန်းတက်လာတော့ သူတို့ တစ်ခါ ပေါ်လာပြန်သည်။

သူတို့ အိမ်ကို ပြန်မရတော့ ကလေးမလေးကို သူတို့ကို ငွေညှစ်ပါတယ် ချိန်းခြောက်ပါတယ်ဆိုပြီး စွပ်စွဲကြသည်....

ကိစ္စတွေ အကုန်လုံး ပေါင်းလိုက်ရင် အကုန်လုံးက သူတို့၏ အရှက်မရှိမှုကြောင့် အလွန်အံ့ဩသွားကြသညါ။

"ငါ့ဆီမှာဘဲ ဖြစ်သွားတာ...သူတို့ အခွင့်အရေးကို အသုံးချပြီး အိမ်ကို ပြန်လိုချင်လို့ တိုင်ချက်လာဖွင့်တာလို့ ထင်လား?"

တစ်ယောက်ယောက်က ရုတ်တရက် ဖြစ်နိုင်သည့်အရာကို တွေးလိုက်ပြီး သူ့ဘေးက လူကို မေးလိုက်သည်။

"မဖြစ်နိုင်လောက်ပါဘူး....ဘုရားရေ! တော်တော်လေး ဖြစ်နိုင်တာဘဲ!" ခဏတွေးပြီးတော့ ထိုလူက မှင်သက်သွားသည်။

သူတို့ တိုင်ချက်သာ ခိုင်လုံမယ်ဆိုရင် ရှရှီပေ တကယ်ထိခိုက်မှာပင်။

ထို့နောက် သူတို့ ရက်ရောသလို ဟန်ဆောင်ပြီး ရှရှီပေကို ခွင့်လွှတ်လိုက်ပြီး သူတို့ သူမနှင့် အဆက်အသွယ်ဖြတ်ထားသည့် ကိစ္စကို ဖျက်လိုက်ကြမည်။

သူတို့ သားအဖဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပြီး ကလေးကလည်း အသက်မပြည့်သေးတော့ အိမ်က သဘာဝကျကျဘဲ အဖေရဲ့ ပိုင်ဆိုင်မှုထဲ ရောက်သွားလိမ့်မည်။

ဇာတ်လမ်းကို သူတို့ ခေါင်းထဲ အဆုံးသတ်ပြီး သူတို့ မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူမိလိုက်ကြသည်။

ဘုရားရေ! သူတို့နှစ်ယောက်က လုံးဝကို အရူးတွေဘဲ!

သူတို့တွေးမိတာကို အခြားလူတွေကို ပြောပြပြီး အကုန်လုံးက ရှရှဟိုင်နှင့် သူ့မိန်းမကို ဒေါသဖြင့် စိုက်ကြည့်နေကြသည်။

သူတို့ ရှရှီပေကို ပိုပြီး သနားလာကြသည်။ သူမ ဒီလိုအဖေမျိုးရှိသည်အထိ ဘာလို့ ကံဆိုးနေရတာလဲ?

"ကောင်းပြီ ပြောတာတွေကို ရပ်လိုက်တော့ ခင်ဗျားတို့နှစ်ယောက် ကျုပ်နဲ့ လိုက်ခဲ့" ရဲထဲက တစ်ယောက်က ထိုစုံတွဲကိုပြောလိုက်သည်။

ရှရှီပေကတော့ အရင်အမှု၏ အမှုသည်ဖြစ်တာကြောင့် အခုတော့ အပြင်တွင် စောင့်နေရဦးမည်။
.....

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now