အပိုင်း ၁၇၂

Start from the beginning
                                    

ဘယ်သူကများ သူတို့လက်ရေးကိုယ်သူတို့ သုံးရလောက်တဲ့အထိ တုံးမှာလဲ? ပြဿနာကို လက်ယက်ခေါ်နေတာကို မဟုတ်ဘူးလား?

"ဒီစာတွေက တကယ်ဘဲ သူမရေးတာမဟုတ်ဘူး" ရဲတွေက ရှရှီပေအတွက် ပြောပေးလိုက်သည်။

"မဖြစ်နိုင်ဘူး!" လျိုလီရှင်း တုန်လှုပ်နေသည်။ "သူမဆိုတာ ကျွန်မသေချာတယ်! သူမက ကျွန်မတို့ ကလေးတွေကို အန္တရာယ်ပေးချင်နေတာ! သူမ ဒီကို သူတို့ကို အန္တရာယ်ပြုဖို့ လာတာ!"

ရဲတွေက ရယ်သွမ်းကုန်ကြသည်။ "ခင်ဗျားမှားနေပြီ! သူမက အသက်တွေကို ကယ်ခဲ့တဲ့ သူကဲကောင်း!"

"သူရဲကောင်း?"

လျိုလီရှင်း မှင်သက်သွားကာ ရင်ထဲ နမိတ်‌မကောင်းသော ခံစားချက်ကို ခံစားလိုက်ရပြီး ရှရှဟိုင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။

"သူမ ကြောင့်သာမဟုတ်ရင် ခင်ဗျားကလေးတွေလည်း ဒဏ်ရာရနေမှာ"

"ဘယ်လို? ဒါဆို သူမက ရှင်တို့ ဖမ်းလို့ ဒီကို ရောက်လာတာမဟုတ်ဘူးလား?"

သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်ပြီး လုံးဝကို ဇဝေဇဝါဖြစ်နေကြသည်။

"ဟားဟားဟား!"

လူတွေ ဝက်ဝက်ကွဲရယ်ကြတော့သည်။

"ကလေးတွေကို နာကျင်အောင် လုပ်တာက အခြားတစ်ယောက် သူမက သူတို့ကို ကယ်ခဲ့တဲ့ ရဲရင့်တဲ့သူ!"

ရဲတစ်ယောက်က စခရင်ကို လှည့်ပြီး ‌ဗီဒီယိုအပိုင်း တစ်ခုကို ဖွင့်လိုက်သည်။

ဗီဒီယိုထဲတွင် ယောက်ျားကြီးတစ်ယောက်က ကလေးတွေက သူ့လက်ထဲက ဓားနှင့် အန္တရယ်ပြုဖို့ ကြိုးစား‌နေပေမယ့် မကြာခင်မှာပင် ရှရှီပေက သူ့ကို ကိုင်တွယ်လိုက်သည်။

မြင်ကွင်းကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက် မိန်းမောသွားသည်။

"ဒါဆို ခင်ဗျားက သူမကို ယိုးစွပ်နေတာဘဲ!"

စခန်းခေါင်းဆောင်က မတ်တပ်ရပ်လိုက်ပြီး သူတို့ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ "မိဘတွေအနေနဲ့ ခင်ဗျားတို့ ကိုယ့်ကလေးကို သေချာဂရုမစိုက်ဘဲနဲ့ သူမ မလုပ်တဲ့ ကိစ္စတစ်ခုကိုတောင် ခင်ဗျားတို့က သူမကို စွပ်စွဲနေတာ စိတ်ပျက်စရာဘဲ!"

ကျန်သည့်သူတွေအကုန်လုံး ညီညာစွာ ခေါင်းငြိမ့်လိုက်ကြသည်။

"ဟုတ်တယ် ငွေညစ်တာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်တာကောပါတယ်! ခင်ဗျားတို့ ‌ကလေးမလေးကို သဘောမကျပေမယ့် သူမကို ဒီလိုကြီး စွပ်စွဲလိုက်လို့မရဘူး!"

"အဖေတွေက မင်းကို မိထွေးပေးပြီးရင် မင်းရဲ့အဖေပါ ပထွေးဖြစ်သွားတယ်ဆိုတာ အမှန်ဘဲကို!"

"ကလေူမလေးက ၁၇လောက်ရှိဦးမှာ သူမက လူကြီးတောင် မဖြစ်သေးဘူး သူတို့ သူတို့ရဲ့ အပိုင်းကိုတောင် တာဝန်မကျေဘဲနဲ့ အခုတော့ ပေါက်ကရတွေပြောနေတယ်!"

"သူတို့ ဘာလို့ အဲ့လောက်ထိ အသည်းနှလုံးမရှိရတာလဲ?"

ရှရှီပေ သူတို့၏ အပြောတွေကို နားထောင်ပြီး နာကျင်နေပုံပေါက်ကာ ခေါင်းငုံ့လိုက်သည်။

ထိုအပြုအမူက သူတို့နှလုံးသားကို ပိုပြီး နာကျင်စေသည်။

သူမလို မိန်းမကောင်းလေးက ဘာလို့ ထိုကဲ့သို့ ရက်စက်တဲ့ မိဘတွေ ရှိရတာလဲ?

"သမီးကို အဖေတို့ရဲ့ ဘဝကို မနှောင့်ယှက်စေချင်တာကို သမီးသိပါတယ် အဲ့တာကြောင့် အဖေ သမီးနဲ့ ဆွေကန်းမျိုးကန်းဖြတ်လိုက်တာလေ သမီး အဖေ့အကြောင်းအရင်းကိုလည်း နားလည်ပါတယ် အဲ့တာကြောင့် သမီး အဖေ့ကို ဘယ်တုန်းကမှ မနှောင့်ယှက်ဖူးဘူး ဒါပေမယ့် အဖေ သမီးကို ဒီလိုတွေးမယ်လို့ မထင်ထားဘူး!"

သူမ နှုတ်ခမ်းကို ကိုက်ကာ သူမအသံက ဝမ်းနည်းမှုကြောင့် တုန်ခါနေပြီး သူမ တော်တော်ခံစားနေရသလိုပင်။

လူတွေ နှလုံးသားက သူမဆီရောက်သွားပြီး အကုန်လုံး စုံတွဲကို အပြစ်တင်အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

"ဆွေကန်းမျိုးကန်းဖြစ်တယ်? ဘုရားရေ!အဲ့လို မိဘတွေက အရမ်း ရွံစရာကောင်းတာဘဲ!"

"ကလေးမလေးက လူကြီးတောင် မဖြစ်သေးဘူး!"

"နစ်နာသူ လာလုပ်မနေနဲ့!" လျိုလီရှင်း အလွန့်အလွန် ဒေါသထွက်နေသည်။ "နင်ဘဲ ဖြစ်ရမယ်!"

"သမီးကို အန်တီဘာလို့ ဒီလောက် မုန်းနေလဲဆိုတာ သမီးသိတယ် အဲ့တာ အိမ်ကြောင့်မလား?"

ရှရှီပေ၏ စကားများက လျှပ်စီးလို ရုတ်တရက် ထွက်လာသည်။
......

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now