အပိုင်း ၁၇၁

Start from the beginning
                                    

လူတွေ သူမအတွက ပိုပြီး စိတ်မကောင်းဖြစ်သွားသည်။

တစ်ယောက်ယောက်က မနေနိုင်ဘဲ အော်လိုက်သည်။ "ခင်ဗျား ကြောင်နေတာလား?!"

လျိုလီရှင်း ထိုလူကို ချက်ချင်း ကြည့်လိုက်ပေမယ့် သူ တုန်လှုပ်ပုံ‌မပေါ်ဘဲ ဆက်ပြောလိုက်သည်။ "ခင်ဗျားကလေးက တုန့်ယန်မူလတန်းကျောင်းကဆိုရင် ခင်ဗျား သူမကို ကျေးဇူးတင်သင့်တာ!သူမကြောင့်သာမဟုတ်ရင် ခင်ဗျားကလေးက ဒဏ်ရာရနေလောက်ပြီ!"

"အမှန်ဘဲ! အဲ့ကောင်မလေးကြောင့်သာမဟုတ်ရင် ကလေးဘယ်လောက်များများ အနာတရဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ?!"

အခြားလူတွေလည်း သူမကို ထောက််ပံ့ဖို့ပြောလိုက်သည်။

"ဟုတ်တယ် ဆိုရိုးရှိ‌တယ်လေ 'အဆိပ်အရှိဆုံးက မိထွေးနှလုံးသား' ဆိုတာ သူမက အရမ်း ရက်စက်လွန်းတယ်! ငါ ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးဘူး!"

"ဒီကောင်မလေးက အရမ်းချိုသာတယ် ခင်ဗျား သူမကို ချစ်ဖို့မလိုကေမယ့် သူမကို စွတ်စွဲဖို့လည်း မလိုဘူး!"

"ရှင့် သက်သေက‌လည်း ရယ်စရာဘဲ အဲ့စာတွေက ဒီကောင်မလေးဆီကဆိုတာ သေချာလို့လား?"

ရှရှီပေ သူမကို ခုခံပြောပေးသည့် သူတွေကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

လူတွေက မိန်းမ‌လှလေး ထိုကဲ့သို့ ပြုမူတာကို မြင်ရတော့ သူတို့ရဲ့ နှလုံး‌သားလေးတွေ အရည်ပျော်သွားသလိုပင်။

"ဘာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ!" လျိုလီရှင်း စကားအရင်ပြောလာသည့် ယောက်ျားကို ကြည့်လိုက်သည်။ "သူမနဲ့ ရှင်က တစ်ခုခုမလို့လား? အဲ့တာကို သူမကို ဒီလိုကူညီနေတာလား?!"

"ဖလူး!" ထိုယောက်ျား၏ အမူအရာက ချက်ချင်း ပြောင်းသွားသည်။ "စကားကို ကြည့်ပြော! ခင်ဗျား ဘာကို ပြောချင်တာလဲ?! သတိထားနေ မဟုတ်ရင် ကျွန်တော် ခင်ဗျားကို စွပ်စွဲမှုနဲ့ တရားဆွဲရလိမ့်မယ်!"

"ဘုရားရေ အရှက်မရှိတဲ့ မိန်းမဘဲ! သူမ ဒီကောင်မလေးကို စွပ်စွဲဖို့ စကားတွေဘဲ ပြောနေတာ!"

"တရားလွန်တရားမင်းတွေ!"

အခြားလူတွေလည်း ဒေါသထွက်လာသည်။ သူတို့ မျက်မြင်သက်သေလုပ်ပေးဖို့ လာကြသည် ဖြစ်သည်။

သဘာဝကျစွာဖြင့် သူတို့ ရှရှီပေက ရှိနေသည့်သူ ဘယ်သူနှင့်မှ မသိဘူးဆိုတာ သိကြသည်။

သို့ပေမယ့် လျိုလီရှင်း သူတို့ဆက်ဆံ‌ေရးကို ယုတ်ညံ့အောင် သာမန်လိုပြောနေသည်။ ဒါက အဆဲတောင်းနေတာဘဲ!

"ပါးစပ်ပိတ်ထားစမ်း!"

ဘေးက ရဲတွေက စကားများတာကနေ မြန်မြန်ပေါက်ကွဲလာမယ်မထင်ထားတာကြောင့် မြန်မြန်ဘဲ သူတို့ကို ရပ်လိုက်သည်။

"ရဲမင်းများ သူတို့ ကျွန်မတို့ကို အုပ်စုဖွဲ့အနိုင်ကျင့်နေတယ်!" လျိုလီရှင်း အရင်ဆုံး စွပ်စွဲလိုက်သည်။

သို့ပေမယ့် ရဲတွေက သူမကိုဘဲ ရက်စက်စွာ ကြည့်လိုက်သည်။

"ငါတို့ ဒီမှာ မရှိဘူးလို့ မင်းထင်နေလား?! ငါတို့ ဘယ်သူက အမှန်လဲ ဘယ်သူက အမှားလဲဆိုတာ ငါတို့ မမြင်နိုင်ဘူး ထင်နေလား?!"

လျိုလီရှင်း စိုက်ကြည့်ခံရ၍ သူမ လည်ပင်းက ကျုံ့သွားသည်။ သူမ တအား မကျယ်ရဲတော့။

တစ်ဖက်တွင် ရှရှီပေကတော့ တိတ်တိတ်လေး ငိုနေသည်။ သူမ အခြားသူတွေကို တောင်းပန်စွာ ကြည့်လိုက်ပြီး တောင်းပန်ပါသည်ဆိုသည့် စကားကို တိတ်တဆိတ်ပြောနေသည်။

ဘယ်သူက သူမကို အပြစ်တင်မှာလဲ?

အကုန်လုံးက ဒီ-ျီးမိထွေးနဲ့ အဖေရဲ့ အပြစ်ဘဲ!

"အိုကေ ဒီကိစ္စမှာ မပါတဲ့လူတွေအကုန် ထွက်သွားကြပါ ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်"

အကုန်လုံးက ထွက်မသွားချင်ပေမယ့် လူစုခွဲသွားသည်ပင်။ သို့ပေမယ့် သူတို့ အပြီးတိုင် ထွက်မသွားကြသေး။ သူတြို မလှမ်းမကမ်းနေရာကနေ စောင့်နေကြသည်။

"ချိန်းခြောက်စာတွေ ယူလာခဲ့"
.....

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now