အပိုင်း ၁၇၀

Começar do início
                                    

"ပါးစပ်ပိတ်ထားစမ်း!"

လျိုလီရှင်း တရားလွန်လာတာကို မြင်တော့ ဘေးက ရဲက အော်လိုက်သည်။ "ဒါက ရဲစခန်း! ခင်ဗျား ဘာလို့  ဒီလိုပြုမူရဲရတာလဲ!"

ထိုကဲ့သို့ အအော်ခံရ၍ လျိုလီရှင်း နောက်ဆုံး ဒေါသတာကနေ အသိစိတ်ပြန်ဝင်လာသည်။

သူမ စိတ်ကိ ထိန်းချုပ်မရဘူးဆိုတာ သူမသိသည်။ သို့ပေမယ့် မိဘတစ်ယောက်အနေနှင့် ထိုကဲ့သို့ ကိစ္စများနှင့် ရင်ဆိုင်ရရင် ‌စိတ်မတိုဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ?

"ပြဿနာရှိရင် စကားနဲ့ပြော! ဒါက ခင်ဗျား ရန်ဖြစ်ရမယ့်နေရာမဟုတ်ဘူး!"

ထိုအချိန်ကျမှ လျိုလီရှင်း အဖြစ်အပျက်တွေက တစ်ခုခုမှားနေသည်ဆိုတာ သိလိုက်သည်။

သူမ ရှရှီပေ အဖမ်းခံရသည် ထင်ခဲ့တာ သို့ပေမယ့် ထင်ထားသည့်အတိုင်း မဟုတ်သလိုဘဲ..

"ရှင်းရှင်းလင်းလင်းပြော! ဘာတွေ ဖြစ်နေတာလဲ?" ဘေးက ရဲ နဖူးပေါ်တွင် မျက်မှောင်ကြုံ့နေပြီး လျိုလီရှင်းကို ရန်လိုသော အမူအရာဖြင့် ကြည့်လိုက်သည်။

ရှရှီပေ စောစောတုန်းက သက်သေထွက်ဆိုတုန်းက အကုန်လုံး သူမမိဘတွေက ကွာရှင်းပြီးကြပြီး သူမ တစ်ယောက်တည်းနေသည်ဆိုတာ သိလိုက်ရသည်။

သူမ မူကြိုတက်နေသည့် သူမ မောင်လေး ညီမလေးကို လာကြည့်တာဖြစ်ပြီး အက်စီးဒန့်နှင့် ကြုံလိုက်တာကြောင့် သူမ ဝင်ကူညီသည်ပင်။

ပြီးတော့ သူမ ထိုစုံတွဲကို ခေါ်သည့် နာမည်တွေကို ကြားပြီး အကျည်းတန်လှသည့် သက်လတ်အရွယ် စုံတွဲက သူမအဖေနှင့် သူမ မိထွေးမလား?

သူတို့ တစ်ယောက်နှင့် တစ်ယောက် မတည့်တာကြောင့် ထိုမိန်းမက သူတို့တွေ့သည်နှင့် တရစပ် ရန်တွေ့နေသည်ပင်။

"ကျွန်မတို့ တိုင်ချက်လာဖွင့်တာ! သူမ ကျွန်မတို့ဆီကို ချိန်းခြောက်စာတွေ ပို့လာပြီး ကျွန်မတို့ ကလေးတွေကို အန္တရာယ်ပေးချင်နေတာ!" လျိုလီရှင်း ရှရှီပေကို လက်ညှိုးထိုးပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "ရှင်တို့ သူမကို ဖမ်းလို့ရပြီ!"

"အန်တီ..." ရှရှီပေ စိတ်ထိခိုက်ကာ နာကျင်နေပုံပေါ်သည်။ "သမီး ဘယ်တုန်းက အန်တီတို့ဆီကို စာပို့လို့လဲ? အလိမ်အညာတွေမပြောပါနဲ့!"

"အသေအချာကြီး နင်ဘဲကို!"

လျိုလီရှင်း စာတွေကို ကမ်းပေးလိုက်သည်။

"ကြည့်လိုက်! ဒါတွေက သူမ ပို့လာတဲ့ဟာတွေ!"

အကုန်လုံး ငုံ့ပြီး ကြည့်လိုက်ရာ အားလုံး မှင်သက်ကုန်ကြသည်။

ထိုစကားလုံးတွေက....ကြောက်စရာဘဲ!

"ဒါပေမယ့် ဒါတွေက သူမ ရေးတယ်ဆိုတာ သေချာလို့လား? ခင်ဗျားမှာ ဘာသက်သေရှိလို့လဲ?"

"ကျွန်မမှာ သက်သေရှိတာပေါ့!"

လျိုလီရှင်း ဖုန်းကို ထုတ်လိုက်သည်။ "ဒါကိုကြည့်လိုက်! ဒါက သူမ ကျွန်မတို့ကို ချိန်းခြောက်ဖို့ ပို့လာတဲ့ဟာ! သူမ တစ်ခုခုလုပ်ဖို့ မကြံစည်နေရင် သူမ ဘာလို့ ဒီကို အကြောင်းပြချက်မရှိလာမှာလဲ? သူမက ကျွန်မကလေးတွေကို လုပ်ကြံဖို့ ကြိုးစားနေတာ!"

အကုန်လုံး ဓာတ်ပုံကို မြင်ပြီး နှုတ်ခမ်းတွန့်သွားကြသည်။

တစ်ယောက်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါက ကိုယ့်ဘာကိုရိုက်ထားတဲ့ပုံမဟုတ်ဘူးနော် ဒါ သူများရိုက်ပေးထားတဲ့ဟာ! ပြီးတော့ ဒီနံပါတ်က သူမ ဖုန်းနံပါတ်လို့လည်း ပြောမထားဘူး ပြီးတော့ သူမက သူမရဲ့ မောင်လေး ညီ‌မလေးကို လာကြည့်တာလေ အဲ့တာက တရားမဝင်ဘူးလား?"

"ဘာ မောင်လေး ညီမလေးလဲ? သူတို့က မိသားစုမဟုတ်ဘူး!" လျိုလီရှင်း ယတိပြတ်ပြောလိုက်သည်။
......

ရက်စက်သောနတ်ဘုရားမOnde as histórias ganham vida. Descobre agora