အပိုင်း ၁၆၄

Start from the beginning
                                    

"မဟုတ်ဘူး" ရှရှီပေ ခေါင်းရမ်းလိုက်သည်။ "ကျွန်မ ဗီဒီယိုကို ဘယ်သူလုပ်လဲမသိဘူး ဒါပေမယ့် edit  လုပ်ထားတာ တစ်ခုမှမရှိဘူး"

ထိုအရာက ဖန်းယန်ကို ပိုပြီး ယုံကြည်ချက်ရှိသွားစေသည်။ "သူတို့ကို မင်းစကားနားထောင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းဘယ်လိုလုပ်လိုက်တာလဲ?"

"သူတို့ ကျွန်မကို ကြိုက်တယ်" ရှရှီပေ အထစ်အငေ့ါမရှိ ဖြေလိုက်သည်။ "သူတို့က ကျွန်မရဲ့ စွမ်းအင်ကို ခံစားမိကြတာကြောင့် ကျွန်မကို သူတို့ ကြိုက်တာ"

"အခြားတိရစ္ဆာန်တွေလည်း ဒီလိုဘဲလား?"

"ဟုတ်တယ်" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။

ထိုကိစ္စတွေကို ဖြေရှင်းပြီးတော့ ဖန်းယန် သူ့ နက်ကတိုင်ကို ပြန်ပြင်ပြီး ချောင်းအနည်းငယ်ဟန့်ကာ လေးနက်စွာ ပြောလိုက်သည်။ "ငါ မင်းကို ငါတို့ ကုမ္ပဏီကို ဝင်ဖို့ ပြန်စဉ်းစားပေးဖို့ လာပြောတာ"

"ကျွန်မ အရင်ကတည်းက စဉ်းစားပြီးပြီ" ရှရှီပေ ပြန်ဖြေလိုက်သည်။ ပခုံးတွန့်ကာ သူမ ဆက်ပြောလိုက်သည်။ "ဒါပေမယ်ပ ကျွန်မ မိဘတွေက လက်မှတ်ထိုးမှာ မဟုတ်ဘူး"

ဖန်းယန် ပြောလိုက်သည်။ "မင်းသာ စိတ်ရှိရင် ငါ မင်းကို ထည့်ပေးလို့ရတယ် အထူးကိစ္စတွေက အထူး‌ေတွး‌ေတာချက်တွေရှိတယ်!"

"ရှင်ကျွန်မကို ဘာလို့ လေးလေးနက်နက် သဘောထားရတာလဲ?" ရှရှီပေ စိတ်ဝင်စား‌နေမိသည်။ "ကျွန်မမှာ ထူးခြားတဲ့ စွမ်းရည်တွေလည်း မရှိဘူးလေ ဟုတ်တယ်မလား?"

ဖန်းယန် ခေါင်းရမ်းလိုက်သည်။ "မင်း ကိုယ့်ကိုကိုယ် အထင်သေးလွန်းနေပြီ!"

"ငါ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ယုံတယ် မင်း သေချာပေါက် အောင်မြင်မှာ!"

"ရှင် ကျွန်မရဲ့ စွမ်းအားတွေ တစ်ခုမှမသိသေးဘဲနဲ့ ကျွန်မရဲ့ ရုပ်လေးတစ်ခုတည်းနဲ့တင် ကျွန်မအပေါ်ယုံတယ်ပေါ့?" ရှရှီပေ ပိုပြီး စိတ်ဝင်စားလာသည်။

သူမ သူ့အရှေ့မှာ ဘာအားမှ မပြရသေးဘူးမလား?

ရုပ်ရည်ဆိုရင် အနုပညာလောကထဲမှာ အလှလေး အချောလေးတွေ အများကြီးရှိသည်။ သူမက လှနေရင်တောင် သူမက အစားမထိုးလို့ မရတာမဟုတ်။

"ငါ ငါ့စိတ်ကို ယုံတယ် မင်းက ငါမြင်ဖူးတဲ့ အခြားမိန်းကလေးတွေနဲ့ ကွာတယ်!" ဖန်းယန် သူ့စကားလုံးတွေကို သေချာရွေးကာ ရှင်းပြလိုက်သည်။ "ငါမင်းကို ပထမဆုံးတွေ့လိုက်တဲ့အချိန်ကတည်းက မင်းက ထူးခြားတယ်လို့ ငါထင်ခဲ့တာ မင်းရဲ့ ဩဇာတိက္ကမက မင်းနဲ့ ရွယ်တူ မိန်းကလေးတွေနဲ့ မတူဘူး"

ထိုစကားတွေက သူ သူမကို ချစ်ခွင့်ပန်နေသလိုပင်။ သို့ပေမယ့် ထိုစကားတွေက ဖန်းယန်၏ ရင်တွင်းဖြစ်စကားတွေပင်။

ရှရှီပေ၏ အမူအရာက အနည်းငယ်ပြောင်းသွားသည်။ သူမ ဖန်းယန် ထိုကဲ့သို့ ခံစားရမည်ဟု မထင်ထား။

သူမ သူ့ကို ခဏလောက်ကြည့်လိုက်ပြီး သူ ပြောတာတွေက မှန်သည်ဆိုတာကို အတည်ပြုလိုက်သည်။

သူ့ရဲ့ အရင်ဘဝက သူ တကယ်ဘဲ အောင်မြင်ဖို့ ထိုက်တန်သည်ထင်ပါ့။

ထိုကဲ့သို့ လူရည်လည်သော အေးဂျင့်က သရုပ်ဆောင်တွေ၏ အားနည်းချက်နှင့် အားသာချက်ကို ရှာတွေ့နိုင်ပြီး သူတို့အတွက် သင့်တော်သော အလုပ်ကို ရှာပေးပြီး ကောင်းမွန်သော ရလဒ်တို့ကို အောင်မြင်စေသည်။

"ကောင်းပြီ ရှင် ကုမ္ပဏီကို စည်းရုံးနိုင်ရင် ကျွန်မ ရှင်တို့ ကုမ္ပဏီထဲ ဝင်ဖို့ ကတိပေးတယ်"

ရှရှီပေ၏ လိုက်လျောမှုကို မြင်တော့ ဖန်းယန် ချက်ချင်း စိတ်လှုပ်ရှားလာသည်။

"အိုကေ ငါ သူတို့ကို လက်ခံလာအောင် လုပ်မယ်!"
......

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now