အပိုင်း ၁၆၃

Start from the beginning
                                    

ဒါပေမယ့် ဒီတစ်ကြိမ်တော့ ကိစ္စတွေက အထိန်းအချုပ်မဲ့ပြီး အခြေအနေက အရမ်း ရှက်ဖို့ကောင်းနေသည်။ ကျင်မိသားစုက သူမကို ကျောင်းထားပေးဖို့ လုံးဝမဖြစ်နိုင်တော့။

ကျောင်းထွက်သွားသည့် ကျင်ယာကျန်း အိမ်ကနေ ထွက်ပြေးသွားသည်ဆိုတာကို သိဖို့ တော်တော်ကြာသွားသည်။ သူမ ဘယ်သွားလဲဆိုတာ ဘယ်သူမှမသိ။

ထိုအချိန်ရောက်တော့ လူတွေက သူမကို မေ့နေပြီပင်။

ယန်ရွှမ်၏ အခြေအနေလည်း ကောင်းမနေ။

ကိုကြီးလျန် ကျင်ယာကျန်းကို ရှာမတွေ့တာကြောင့် သူ့ဒေါသအကုန်လုံးကို ယန်ရွှမ့်အပေါ် ပုံအောနေသည်။

ယန်ရွှမ် အခြားကျောင်းကို ပြောင်းသွားပေမယ့်လည်း တစ်ပတ်အတွင်းပင် ကျောင်းက သူ့ရဲ့ အတိတ်က သစ္စာဖောက်မှုတွေကို သိသွားသည်။

ထိုအရာကြောင့် ယန်ရွှမ် စိတ်သောကရောက်နေကာ လူနည်းနည်းလောက်ကပင် သူနှင့် သူငယ်ချင်းဖြစ်ချင်ကြတော့သည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲ‌ဖြေ‌ချိန်ရောက်တော့ လူတွေက သူ အဆိုး‌ဆုံးကောလိပ်တောင် မဝင်နိုင်ဘူးဟု ကြားသိရသည်။

ဒါတွေက အကြာကြီး နေမှဖြစ်တာပေါ့။

ကျင်ယာကျန်းနှင့် ယန်ရွှမ်တို့ ကျောင်းထွက်ရတာကို သိပြီး စုန့်ကျားရန် အလွန်အမင်း ပျော်ရွှင်နေသည်။ ကျောင်းက လေတောင်ပိုပြီး လတ်ဆတ်လာသည်။

ထိုကိစ္စအားလုံးကို အစဖော်သည့် သူမကတော့ အရမ်းတည်ငြိမ်နေသည်။ ပြောရရင် အဲ့ဒီရွံစရာကောင်းတဲ့ ဟာတွေကို နှိပ်စက်ရတာက ကျေနပ်မှုတစ်ခုဘဲ။ သူမ၏ အာရုံက သူမကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်မှုပင်။

အင်္ဂါနေ့ နေ့လည်တွင် ရှရှီပေ စိတ်အနည်းငယ် လှုပ်ရှားနေသည့် ဖန်းယန်ဆီက ဖုန်းလက်ခံရရှိခဲ့သည်။

"အွန်လိုင်းပေါ်က ချစ်စရာအိမ်မွေးကောင်နတ်မိမယ်က မင်းလား?"

"ချစ်စရာအိမ်မွေးကောင်နတ်မိမယ်?" ရှရှီပေ စိတ်ရှုပ်သွားသည်။ အဲ့တာက ဘာလဲ?

ကြားရတာ နည်းနည်းတော့...ကို့ရို့ကားယားနိုင်သား။

"အင်တာနက်ပေါ်မှာ ဗီဒီယိုတစ်ခုမရှိဘူးလား? ‌ေခွးရော ကြောင်ရောပါတယ်လေ သူတို့အကုန်လုံး မင်း‌စကားကို နားထောင်ကြတယ်လေ အဲ့တာကြောင့် အကုန်လုံးက မင်းကို ချစ်စရာအိမ်မွေးကောင်နတ်မိမယ်လို့ ခေါ်နေကြတာ"

ထိုရှင်းပြချက်က ရှရှီပေနှုတ်ခမ်းကို တွန့်ကွေးသွားစေသည်။

ထိုနာမည်က တကယ်ဘဲ ရိုးရှင်းကာ ဒဲ့တိုးဆန်သည်။

"အဲ့ဗီဒီယိုကိုသာ ရှင်ပြောနေတာဆိုရင် ဟုတ်တယ် ကျွန်မဘဲ"

"မင်းဆိုတာ ငါသိနေတယ်!" ဖန်းယန် အော်လိုက်သည်။ "မင်း ဗီဒီယိုက ပေါက်နေပြီ!"

"ပေါက်နေတယ်?!"

ဖန်းယန်ပြောသည်နှင့် စုန့်ကျားရန်ပြောသည်က ဆင်တူနေပေမယ့်လည်း ကွာခြားနေသည်။ ပိုပြီး အလေးချိန်စီးသည်။

ဖန်းယန်က အတွေ့အကြုံရှိ သရုပ်ဆောင်ဖြစ်ကာ အနုပညာလောကကို ရှုထောင့်မျိုးစုံက မြင်ဖူးသည်။

ပြီးတော့ သူက သူမကို ဤဗီဒီယိုကြောင့် ရှာသည်ပင်။

သူ ဒါကို သတိထားမိပြီး သေသေချာချာ ကိုင်တွယ်မည်ဆိုရင် ရှရှီပေ ဒီကနေ ကျော်ကြားလာနိုင်သည်။

ထို့ကြောင့် သူ သူမကို ခေါ်ခြင်းဖြစ်သည်။

"မင်း ငါ့ကို နေ့လည် အတန်းချိန်ပြီးရင် လာတွေ့လို့ရလား?" ဖန်းယန် မေးလိုက်သည်။ "စကားပြောရအောင်"
....

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now