အပိုင်း ၁၆၂

Start from the beginning
                                    

သူမက သူတို့အတွက် မမေ့နိုင်ဖွယ် သင်ခန်းစာကို ပေးဖို့ ကြိုးစားနေဆဲပင်။ မထင်မှတ်စွာပင် ကိုကြီးလျန်က အရင်လုပ်တာ‌တာကြောင့် သူတို့ လွယ်လွယ်နှင့် လွတ်သွားသည်ပင်။

စုန့်ကျားရန် ကျောင်းက သူတို့ကို ဘယ်လို ဆုံးဖြတ်မလဲဆိုတာ သိချင်နေသည်။

သူမ နောက်နေ့တွင် အသေးစိတ်ကို ကြားသိခဲ့ရသည်။

ကျင်ယာကျန်းက အထိခိုက်ခံရဆုံးပင်။

ထိုကိစ္စမျိုးကို လုပ်ပြီး သူမ ကျောင်းမှာဘဲ ဆက်နေနေရင် အခြားကျောင်းသားတွေကိုပါ ထိခိုက်မည်ပင်။

အရင်ကိစ္စပြီးတော့ အခုလည်း ဒရာမာတွေ နောက်ရက်တွေမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမလဲ?

ထို့ကြောင့် ကျောင်းအုပ်နှင့် ဌာနမှူးတို့က စိတ်ဆုံးဖြတ်ပြီးသွားပြီ။ သူတို့ ကျင်ယာကျန်းမိဘတွေကို ကျောင်းခေါ်ပြီး သူတို့ကို ဘာဖြစ်လဲပြောပြကာ သူမကို ကျောင်းထုတ်စေသည်။

ကျင်ယာကျန်းမိဘတွေ သူတို့သမီးက ထိုကဲ့သို့ ရှက်စရာကောင်းသာ ကိစ္စ လုပ်ခဲ့သည်ကို သိလိုက်ရတော့ သူတို့ ဒေါသထွက်လာကာ ရုံးခန်းထဲတွင်ပင် ရန်ဖြစ်ကြတော့သည်။

ဆရာတွေဆီက အကူအညီသာမပါရင် ကျင်ယာကျန်း နေရာတွင် အသတ်ခံရနိုင်သည်။

ယန်ရွှမ့်အတွက်ကတော့ သူ ကျင်ယာကျန်းနှင့် တွဲတုန်းက သူမကအခြားသူနှင့် တွဲနေသည်ဆိုတာကို သူမသိတာကြောင့် သူလည်း နစ်နာသူဖြစ်ကြောင်း ပြန်ငြင်းခုံသည်။

သို့ပေမယ့် ကျောင်းက ခွင့်မပြုသည့် ရည်းစားထားခြင်းကို သူတို့ ကျူးလွန်တာကြောင့် ဤ အကျိုးဆက်တွေ ဖြစ်လာ၍ ကျောင်းက သူ့ကို သတိကြီးကြီး ပေးလိုက်သည်။

ကိုကြီးလျန်အတွက်ကတော့ သူလုပ်ခဲ့သည့် ကိစ္စတွေက အရေးသိပ်မကြီး။ သူ ယန်ရွှမ့်ကို နည်းနည်း ထိုးကြိတ်လိုက်ရုံတင်ဖြစ်ကာ တစ်ခါလေးမှ ဆိုးဆိုးရွားရွားမဖြစ်။ ရဲ‌တွေကို ခေါ်ပြီးတော့ သူ လေးနက်စွာ သတိပေးခံရပြီး ယန်ရွှမ့်ကို ဈေးဖိုးဝါးခ ယွမ်ရာပိုင်းလောက်ဒဏ်ကြေးပေးလိုက်ရသည်။ သူတို့ သူ့ကို ကျောင်းကို နောက်တစ်ခါလာဖို့လည်း ပိတ်ပင်လိုက်ပြန်သည်။

ကိုကြီးလျန် ထိုဖြေရှင်းချက်နှင့် ပတ်သက်၍ မကျေနပ်။

ကျင်ယာကျန်း ကျောင်းထုတ်ခံရကတော့ ကောင်းပါတယ် ဒါပေမယ့် ယန်ရွှမ်က ကျောင်းမှာ ဘာလို့ ရှိနေရသေးတာလဲ?

ထို့ကြောင့် သူ ယန်ရွှမ် လူအများကြီးကို ငါးရံ့အများကြီးဖမ်းသည့်ကိစ္စကို သက်သေနှင့် တကွ မြန်မြန်ပြလာသည်။

ကိုကြီးလျန် သက်သေကို ဘယ်လိုရလာလဲဆိုတာ ဘယ်သူကမှ မသိပေမယ့် တိကျနေသည်။

ယန်ရွှမ် ပြုလုပ်သည့်အရာက အရမ်းလွန်သည်။ သူက အန္တရာယ်ကောင်ဘဲ!

ကျောင်းခေါင်းဆောင်တွေက အကုန်လုံးကို ဆွေးနွေးပြီးတော့ သူတို့ ယန်ရွှမ့်ကိုလည်း ကျောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ကိုကြီးလျန် ဤဆုံးဖြတ်ချက်ကို ကျေနပ်သွားသည်။

သူ ထိုခွေးနှစ်ကောင် ကျောင်းထုတ်မခံရမချင်း နားနိုင်မှာမဟုတ်။

ဒါပေါ့ သူတို့ ကျောင်းထုတ်ခံရပြီးသည့်တိုင် မပြီးသေးဘူး!

သူ အစီအစဉ်တွေကို ဆွဲပြီးပြီ။

ယန်ရွှမ်နှင့် ကျင်ယာကျန်းတို့ အခြားကျောင်းတွေကို ပြောင်းသွားရင်တောင် သူ သူတို့ထိုနေရာတွင်လည်း မနေနိုင်အောင် လုပ်မှာ!
.....

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now