အပိုင်း ၁၅၈

En başından başla
                                    

တစ်ဖက်တွင် ကျင်ယာကျန်း ယန်ရွှမ်နှင့် အတူ ငယ်ရွယ်သော အချစ်ကို ခံစားပြီး အခြားတစ်ဖက်တွင်တော့ သက်လတ်အရွယ် ယောက်ျားနှင့် ချစ်သူဖြစ်နေသည်။

ဤယောက်ျားက လေးဆယ်အရွယ်လောက် ရောက်လုနေပြီး ကျင်ယာကျန်း အဖေအရွယ်လောက်ရှိသည်။

သူက အရမ်းမသေးမကြီးသော ရွှေဆိုင်ကို ဖွင့်ထားပြီး ကျင်ယာကျန်း မျက်လုံးထဲတွင်တော့ သူက လူချမ်းသာတစ်ယောက်ပင်။

ကျင်ယာကျန်းမိသားစုက ငွေရေးကြေးရေး မတည်ငြိမ်ပေမယ့် သူမက ကလေးဘဝကတည်းက အရမ်း စိတ်ကြီးဝင်သည်။

သူမ ဝတ်ပုံစားပုံဖြင့် သူမမိဘတွေက အချိန်ပိုင်းအလုပ်လုပ်သည့်သူဆိုတာ မပြောနိုင်။

မဟုတ်ရင် သူမ ရှရှီပေကို အခွင့်ကောင်းယူပြီးတာတောင်မှ အခြားသူတွေဆီကနေ ပိုရဖို့ ကြိုးပမ်းနေမှာမဟုတ်။

ဤယောက်ျားက သူမကို ပစ္စည်းတွေ အများကြီး ထောက်ပံ့နိုင်သည်။

ဤအရွယ်ယောက်ျားတွေက ကျင်ယာကျန်း အွန်လိုင်း ကိစ္စတွေကို ဂရုစိုက်ဖို့‌ေန‌ေနသာသာ လိုင်းပေါ် သိပ်မတက်။

ပြီးတော့ သူငယ်ချင်းနည်းနည်းလောက်သာ သူနှင့် ကျင်ယာကျန်း အကြောင်းကို သိသည်။

ဤအရာကြောင့် ကျင်ယာကျန်း ယန်ရွှမ်နှင့် ချစ်ခင်ကြည်နူးနေသည့် ဗီဒီယိုတွေကို ရိုက်ပြီး အွန်လိုင်းပေါ် တင်ရဲတာပင်။

သို့ပေမယ့် ထိုယောက်ျားသာ သူမ လှေနံနှစ်ဖက်နင်းတာကို ရှာတွေ့ရင် သူမ သေပြီပင်။

ရှရှီပေ ကျင်ယာကျန်းနှင့် ထိုလူ ဤအချိန်တွင် ဖြစ်နေပြီလားဆိုတာ မသေချာ၍ ဤအကြောင်းကို မတွေးဖူးဘူး။

ကျင်ယာကျန်း လည်ပင်းပေါ်က ငွေဆွဲကြိုးကို တွေ့လိုက်တော့မှ သူတို့ တူတူရှိနေကြပြီဆိုတာကို သူမ သေချာသွားသည်ပင်။

"ပြီးသွားပြီ"

ထန်လော် မော့ကြည့်ကာ tablet ပိတ်လိုက်သည်။

"ကျေးဇူးဘဲ" ရှရှီပေ တောက်ပစွာ ပြုံးကာ ကျင်ယာကျန်းကို လှည့်ကြည့်လိုက်သည်။

ထန်လော်လည်း လှည့်ကြည့်လိုက်သည်။ သူ ကျင်ယာကျန်း၏ ခါးသက်သော အမူအရာကိုတွေ့တော့ ခေါင်းသာ ရမ်းမိတော့သည်။

ဤကဲ့သို့လူမျိုးက သူ့အပြစ်ကို အခြားသူအပေါ် ပုံချတတ်သည့်အမျိုးဖြစ်ပြီး ကိုယ့်ကိုကိုယ် ပြန်မစဉ်းစား။

သို့ပေမယ့် ထန်လော် ရှရှီပေဆီက အတုယူစရာရလိုက်သည်။

ကျင်ယာကျန်း ရှရှီပေနှင့် ထန်လော် သူမကိုကြည့်နေတာကို မြင်ပြီး ပျာယာခတ်သွားသည်။

သူတို့ ဘာလိုချင်တာလဲ? သူတို့ ဘာကို တွေ့သွားလို့လဲ?

သူမ ထိုအရာကိုတွေးနေတုန်း သူမဖုန်းက ရုတ်တရက် မြည်လာသည်။

ဖုန်းသံက အရမ်းကျယ်တာကြောင့် ဘေးက စာဖတ်သူတွေကို အနှောင့်အယှက်ဖြစ်စေသည်။

အကုန်လုံး သူမကို ရွံရှာစွာ ကြည့်လာသည်။

အားလုံးက အထင်သေးစွာ ကြည့်လာတာကြောင့် သူမ တုန်လှုပ်စွာ ဖုန်းချလိုက်ပြီး ဖုန်းသံကို ရပ်စေရန် လုပ်လိုက်သည်။

အကုန်လုံး လှည့်လာပြီးတော့ သူမ နံပါတ်ကို သေသေချာချာမြင်လိုက်ရသည်။

သူမမျက်နှာက ရုတ်တရက် ဖျော့တော့သွားသည်။
....

ရက်စက်သောနတ်ဘုရားမHikayelerin yaşadığı yer. Şimdi keşfedin