အပိုင်း ၁၅၀

Start from the beginning
                                    

ထိုမျက်လုံးများက ကြောက်စရာအရမ်းကောင်းတာဘဲ! မေ့လိုက်တော့ သူ့အသက်အတွက် ပြေးတာဘဲကောင်းတာ်!

"တောင်းပန်ပါတယ် ကျွန်တော့်အချိန်ပိုင်းက ပြီးသွားပြီ!"

သူ ပြောပြီးသည်နှင့် လီဗာကို နင်းကာ မောင်းထွက်သွားတော့သည်။

သူတို့အမြင်ရှေ့က ကားပျောက်သွားတာကို ကြည့်ပြီး အကုန်လုံး တိတ်ဆိတ်သွားသည်။

"ကြည့်လိုက် အချိန်ပြောင်းတဲ့အချိန်ကြီးလေ အခုချိန် တက္ကစီ ရဖို့ ခက်တယ်" ချောင်ရန်ကျွယ် သူ့လက်ကို ထုတ်ပြီး လေးနက်စွာ ပြောလိုက်သည်။

‌အနောက်တွင် ရန်ကျွင်းချန်နှင့် ယွီဇီချီတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး တိတ်ဆိတ်စွာ သူတို့ အိမ်မွေးကောင်လေးတွေကို ပိုက်ပြီး နောက်ဆုတ်လိုက်သည်။

အခြားသူတွေမြင်လားတော့ သူတို့မသိပေမယ့် သူတို့ ချောင်ရန်ကျွယ် ဒရိုင်ဘာကို ပေးလိုက်သည့် အကြည့်ကို သူတို့ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ တကယ်ဘဲ ခြိမ်းခြောက်တဲ့အကြည့်ကြီးဘဲ!

ရှရှီပေ ချောင်ရန်ကျွယ် လုပ်ခဲ့တာကို သတိမထားမိဘဲ ဒရိုင်ဘာကို စွံ့အနေဆဲပင်။

သူ့အချိန်ပိုင်းပြီးသွားရင် ဘာလို့ "လူမရှိ" ဆိုတဲ့ ဟာကြီးက ပြထားရသေးတာလဲ?!

"ကောင်းပြီ သွားရအောင်"

ဘေးကနေ အကုန်မြင်လိုက်ရ၍ မော့ပေါနန် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီးနောက် ထန်လော့်ကို လှည့်ပြောလိုက်သည်။ "ငါ့အမေက မင်းကို အခု မြန်မြန်ပြန်လာခိုင်းနေပြီ မင်း မပြန်ရင် သူမ စိတ်ပူနေလိမ့်မယ်"

"ကျွန်တော် အ‌န်တီရှန်ရဲ့ ဖုန်းကောကို မရမိပါဘူး" ထန်လော် နည်းနည်း စိတ်ရှုပ်သွားသည်။

"သူ မင်းကို အနှောင့်အယှက်မပေးချင်လို့ဖြစ်မှာပါ"

ထန်လော် အပြင်အထွက်နည်းပြီး သူ ထွက်ရင်တောင် နောက်ကျအောင်မနေ။ မော့အမေက သူ့ကို နှောင့်ယှက်ချင်မှာတော့မဟုတ်။

"အို့" ထန်လော် ခေါင်းသာငြိမ့်ပြလိုက်သည်။ "ဒါဆိုလည်း သွားရအောင်လေ"

ဘေးတွင် ချောင်ရန်ကျွယ် မနေနိုင်တော့၍ မေးလိုက်သည်။ သံသယဝင်စွာဖြင့် သူမေးလိုက်သည်။ "မင်းတို့က တူတူနေကြတာလား?"

"ဟုတ်တယ် သူက ငါ့အိမ်မှာနေတာ" မော့ပေါနန် ပွင့်ပွင့်လင်းလင်း ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် နောက်ဆုံးစာမေးပွဲဖြေပြီးရင် ပြောင်းမှာ" ထန်လော် စိတ်ထဲကတောင် မသိလိုက်ဘဲ ‌ထည့်ပြောလိုက်သည်။

မော့ပေါနန် သူ့စကားကို ကြားတော့ မျက်နှာ နည်းနည်း‌ပျက်သွားသည်။ "မင်းက ပြောင်းဖို့ကို တော်တော်စိတ်အားထက်သန်နေတယ်ပေါ့?"

"မဟုတ် မဟုတ်ဘူး....ကျွန်--ကျွန်တော်...." ထန်လော် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ "ကျွန်-ကျွန်တော်...ကျွန်တော် ခင်ဗျားအိမ်မှာ တစ်သက်လုံးတော့ နေမရဘူး ဟုတ်တယ်မလား?!"

မော့ပေါနန် မျက်လုံးများက မှိန်သွားကာ မျက်နှာတည်လိုက်သည်။ "မင်း ကိုယ်တို့ အိမ်မှာနေလို့ရတယ် ကိုယ့်အမေက ကျေနပ်မှာပါ"

"ဒါပေမယ့် ကျွန်တော် လက်ထပ်ပြီးရင်တော့ အဲ့နေရာမှာ နေလို့မရဘူးလေ ဟုတ်တယ်မလား?!" ထန်လော့် ပါးစပ်က ထွက်သွားသည်။

လက်ထပ်မယ်? မော့ပေါနန် မျက်နှာက မကောင်းတော့။

"မင်းက လက်ထပ်ဖို့ကို ကြိုတွေးနေပြီပေါ့?"

ထန်လော်လည်း ဘာပြောရမှန်းမသိတော့။" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး....ကျွန်တော်က ဒီတိုင်း...."

"ထန်လော်က ဥပမာပြောပြနေတာ"

ရှရှီပေ ထန်လော် အကူအညီမဲ့နေတာကို တွေ့တော့ သူ့ကို ကယ်လိုက်သည်။

မော့ပေါနန် ရှရှီပေကို စူးရှသော အကြည့်ဖြင့် ကြည့်ပြီး သူ့ပါးစပ်ဖျားတင်ရောက်နေသည့် "ကိုယ့်ကိစ္စကိုသာ ဂရုစိုက်"ဆိုသည့် စကားတို့ကို ပြန်ထိန်းထားရသည်။
.......

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now