အပိုင်း ၁၄၆

Start from the beginning
                                    

"ဝုဖ်!"

"မြောင်!"

ရှိနေတဲ့သူတွေအကုန်တောင် ခွေးရော ကြောင်ရောကပါ ရှရှီပေကို ထောက်ခံကြသည်။

သူမက လှပပြီး စွမ်းရည်ကောင်းရှိသည်။ ဒါရိုက်တာကျန်းရှန်ဟယ် တကယ်ဘဲ ဒီဇာတ်ရုပ်အတွက် ဒါတွေကိုလိုရင် ဒီဇာတ်ကောင်က သူမအပိုင်ဘဲ!

"လာ ရှီပေ့အတွက် ကမ်းပေ့လုပ်ရအောင်!"

ယွီဇီချီ ခွက်မြောက်လိုက်ပြီး ဇာတ်ရုပ်ကိုရဖို့ ကမ်းပေ့လုပ်လိုက်သည်။ အခြားသူတွေလည်း သူတို့ခွက်ကို မြှောက်လိုက်ကြသည်။

"ကျေးဇူးဘဲ! ကျွန်မ အကောင်းဆုံးလုပ်ပါ့မယ်!"

ကမ်းပေ့လုပ်ပြီး နျဲ့ဇဲဟိုင် ရှရှီ‌ပေနှင့် ဖုန်းနံပါတ်လဲကာ ထွက်သွားတော့သည်။

သူ ထွက်သွားပြီးတော့ နောက်ကျနေပြီဖြစ်၍ ရှရှီပေလည်း ပြန်ဖို့ ပြင်လိုက်သည်။

သူမ ထွက်သွားတော့မှာကို မြင်တော့ ဟန်နီနှင့် အရှူရာတို့ နှစ်ယောက်လုံး ပူပန်လာကာ သူမနောက်ကို လိုက်ချင်ကြသည်။

ရန်ကျွင်းချန်နှင့် ယွီဇီချီတို့ နှုတ်ခမ်းများတွန့်သွားပြီး ဒီအခြေအနေကို အလွန်ပင် အကူအညီမဲ့နေကြသည်။

"ငါတို့ နောက်ကျရင် တွေ့ကြမှာဘဲ ဒါပေမယ့် မင်းတို့ လိမ္မာရမယ်နော်! မင်းတို့ ကိုကြီးက မင်း မလိမ္မာဘူးပြောရင် ငါ မင်းတို့ကို လျစ်လျူရှုထားမှာ!"

ရှရှီပေ သူတို့နှစ်ကောင်ရဲ့ ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး သတိပေးလိုက်သည်။

သူမ လှည့်ပြီး သခင်နှစ်ယောက်ကို ပြောလိုက်သည်။ "သူတို့ မလိမ္မာရင် ငါ့ကိုပြော"

"အိုကေ!"

ရန်ကျွင်းချန်မျက်လုံးများ လှုပ်ရှားသွားပြီး ရုတ်တရက် ဟန်နီ့ကို စကားပြောလိုက်သည်။ "ဟန်နီ ဒီကိုလာ"

ဟန်နီ သူ့ကို မလှုပ်မယှက်ကြည့်နေသည်။

"ကြည့်လိုက် ရှိိီပေ! ဟန်နီ မလိမ္မာဘူး!" သူ ချက်ချင်း ကွန်ပလိန်းတက်လိုက်သည်။

"မြောင့်?!"

ဟန်နီ ရုတ်တရက် တောင့်ခဲသွားပြီး သူမမျက်လုံးတို့က ရှော့ရ၍ ဝိုင်းစက်သွားသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now