အပိုင်း ၁၄၅

Começar do início
                                    

ထို့ကြောင့် အခြေအနေတွေက နည်းနည်း ကို့ရို့ကားယားဖြစ်နေသည်။

နောက်ဆုံးတွင် သင့်တော်သည့်သူ မည်သူမျှမရှိရင် ဒါရိုက်တာက effect ထည့်ကောင်းထည့်နိုင်ပေမယ့် နောက်ဆုံးမိနစ်ကြမှပင်။

နျဲ့ဇဲဟိုင် ရှရှီပေ၏ စွမ်းရည်ကို မြင်ပြီး သူ ဒီဇာတ်ရုပ်ကို တွေးမိသွားသည်။

ကျော်ကြားသည့် သရုပ်ဆောင်များအတွက် ရိုက်ကွက်က နည်းပေမယ့် မင်း သေသေချာချာ သရုပ်ဆောင်မယ်ဆိုရင် ကွာခြားသွားမှာပင်။

ရှရှီပေက ပြီးပြည့်စုံသည်။

သူမက လှပပြီး အရေးကြီးဆုံးက တိရစ္ဆာန်တွေက သူမကို ကြိုက်ကြသည်။

"ဇာတ်ရုပ်က တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်သရုပ်ဆောင်ကမှာ ငါကတော့ မင်း အဲ့ဇာတ်ရုပ်ကို ရဖို့ အခွင့်အရေးကောင်းတယ်လို့တော့ ထင်တယ်" သူ ရှရှီပေကို ရှင်းပြလိုက်သည်။ "ဒါရိုက်တာကျန်းရှန်ဟယ်ရဲ့ အင်အားက အထင်သေးလို့မရဘူးနော်"

"ဒါရိုက်တာကျန်းရှန်ဟယ်?" ရန်ကျွင်းချန် အံ့ဩသွားသည်။ "အဲ့တာ 'သုံးဘဝချစ်မေတ္တာ'ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာမလား?"

"ဟုတ်တယ်လေ" နျဲ့ဇဲဟိုင် ခေါင်းငြိမ့်လိုက်သည်။ "သူဘဲ"

"သူက တော်တော်ကျော်ကြားတဲ့ ဒါရိုက်တာဘဲ!" ရန်ကျွင်းချန် အော်လိုက်သည်။

'သုံးဘဝချစ်မေတ္တာ' က သုံးဘဝစာ ချစ်သူတွေ ဖြစ်ခဲ့ကြသည့် လူဝင်စား စုံတွဲအ‌ေကြာင်းဖြစ်ပြီး: တစ်ဘဝက ရှေးခေတ်၊ နောက်တစ်ဘဝက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နောက်ဆုံးကတော့ မော်ဒန်ခေတ်ပင်။

တီဗီစီးရီးသာဆိုရင် အပိုင်းများများဖြစ်နိုင်သည်။ သို့ပေမယ့် သုံးဘဝကို နှစ်နာရီတည်းနှင့် ရိုက်နိုင်သည်က ဒါရိုက်တာ၏ စကေးကို စမ်းသပ်တာပင်။

ထိုရိုမန့်က နှစ်နှစ်ကျော်ကျော်လောက်က ထွက်ခဲ့ပြီး လက်မှတ်ရောင်းနှုန်းနှင့် ရီဗျူးနှစ်ခုစလုံးက ကောင်းခဲ့သည်။ အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီး‌ဇာတ်ဆောင်ကို သရုပ်ဆောင်သည့် သရုပ်ဆောင်မင်းသား မင်းသမီးတို့က ဤဒရာမာကြောင့်ပင် အရမ်းကျော်ကြားလာပြီး အခု သူတို့ လုပ်ငန်းလမ်းကြောင်းမှာ တစ်ဆင့်မြင့်လာသည်။

ရက်စက်သောနတ်ဘုရားမOnde as histórias ganham vida. Descobre agora