အပိုင်း ၁၄၄

Start from the beginning
                                    

သို့ပေမယ့် သူ ကြောင်နှင့် ခွေးဝိုင်းရံနေသည့် ရှရှီပေကို ကြည့်ပြီး စူးစမ်းချင်စိတ်များတဖွားဖွားဝင်နေသည်။

"သူတို့က..."

"ရှီပေက အရမ်းအံ့ဩစရာကောင်းတယ်!" ယွီဇီချီ ချက်ချင်း စိတ်လှုပ်ရှားလာသည်။ "ကိုကြီး ဒါကို သိမှာမဟုတ်ဘူး ဒါပေမယ့် သူမက တိရစ္ဆာန်တွေကို စကားပြောနိုင်ပြီး သူတို့ပြောတာကိုလည်း နားလည်တယ်!"

နျဲ့ဇဲဟိုင်၊ ထန်လော်နှင့် ရန်ကျွင်းချန်တို့ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

သူက အရူးလား?!

ရှရှီပေလည်း အူမြူးသွားသည်။ သူ ယွီဇီချီကို ဒီလောက်ထိချစ်စရာကောင်းမှန်းမသိဘူး။ နျဲ့ဇဲဟိုင် သူ့ကို ဒီကို ရောက်လာတဲ့အထိ စိတ်ပူတာ အံ့ဩစရာ မရှိတော့ပါဘူး။

"တကယ်လား?" နျဲ့ဇဲဟိုင် ချောင်းဟန့်လိုက်ကာ ရှရှီပေကို စူးစမ်းစွာ ကြည့်လိုက်သည်။ "မင်း သူတို့ကို တကယ်ဘဲ စကားပြောနိုင်တယ်ပေါ့?"

ယွီဇီချီက နည်းနည်းရိုးပေမယ့် ရှရှီပေဆီမှာ သူ့ကို အရမ်း သ‌ေဘာ‌ေစသည့် တစ်ခုခုရှိနေသည်။

"ဒီလိုပါဘဲ" ရှရှီပေ တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်ပြီးနောက် လက်ကို ကြောင်နှင့်‌ ခွေးဆီ ထုတ်ပေးလိုက်သည်။

သူမ ဘာမှမပြောခင်ပင် ဟန်နီနှင့် အရှူရာတို့က သူတို့ခေါင်းတွေကို တိုးကပ်လာကာ သူ့လက်မောင်းကြားပွတ်သီးပွတ်သပ်လုပ်လာကြသည်။

ထိုမြင်ကွင်းက ယွီဇီချီနှင့် ရန်ကျွင်းချန်တို့ နှစ်ယောက်လုံးကို မနာလိုဖြစ်စေသည်။

အိမ်မွေးကောင်လေးတွေကို ဘယ်ဘက်ညာဘက် ဖက်ရသည့် ခံစားချက်က အရမ်းကောင်းမှာဘဲ!

နျဲ့ဇဲဟိုင်လည်း ထိုမြင်ကွင်းကို အံ့ဩစွာကြည့်လိုက်သည်။

အရှူရာကြောင့်သာမဟုတ်ရင် သူ ‌ဒီအိမ်မွေးကောင်လေးတွေက တကယ် လိမ္မာတယ်ဆိုတာကို အံ့ချီးဖွယ်ဖြစ်နေမှာ။

သို့ပေမယ့် အရှူရာက ယွီဇီချီရဲ့ ခွေး!

ပြီး‌ေတာ့ သူတို့ပထမဆုံးတွေ့တာလို့လည်း ယွီဇီချီကပြောသေးသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now