အပိုင်း ၁၃၉

Start from the beginning
                                    

အရှူရာ မြေပြင်တွင် သနားစရာကောင်းစွာ လှဲနေပြီး သူ့လက်သည်းတို့ဖြင့် မျက်လုံးကို အုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ငိုနေသလို တုန်ယင်နေသည်။

အရှူရာ ကြီးကြီးမားမားဒဏ်ရာမရပေမယ့်လည်း သူ့ရဲ့ သေသပ်နေသော အမွေးတို့က ရှုပ်ပွနေပြီး သနားစရာကောင်းနေသည်။

သူ့သခင်က စိတ်သောကရောက်သွားသည်။ သူ့ခွေးက ဘယ်တုန်းကများ မှားခဲ့ဖူးလို့လဲ?!

အရှူရာ ဘာမှမလုပ်ခင် ရှရှီပေ သူ့ဆီလျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူ့ခေါင်းကို ညင်သာစွာ ထိလိုက်သည်။ "ဘာမှမဖြစ်ဘူး မငိုနဲ့တော့နော်"

"ဝုဖ်..."

အရှူရာ ရှရှီပေဆီကနေ နှစ်သိမ့်ခံရပြီးနောက် တကယ်ဘဲ မျက်ရည်တွေ ထွက်လာသည်။

ထို့နောက် သူ့ခေါင်းကြီးကြီးက ရှရှီပေ လက်မောင်းထဲ ဝင်ကာ သူ့တအိအိအသံက ပိုကျယ်လာကာ သိမ်ငယ်သနားစရာကောင်းပြီး အကူအညီမဲ့ပုံပေါ်စေသည်။

သူ့သခင်လည်း ထိုအချိန်တွင် စွံ့အသွားသည်။

ဘာ‌ေ‌တွ ဖြစ်ကုန်တာလဲ? သူ မှားခံရရင် သူ့သခင်ဆီဘဲ အနှစ်သိမ့်ခံဖို့ မရှာသင့်ဘူးလား?!

ရှရှီပေ အရှူရာ၏ ခေါင်းကို ကိုင်လိုက်ပြီး သာသာလေး ပုတ်ပေးလိုက်ကာ စိတ်စွမ်းအင်နည်းနည်းပေးလိုက်သည်။

စိတ်သက်သာရာရစေသော စွမ်းအင်ကို ခံစားရ၍ အရှူရာ ချက်ချင်းအငိုရပ်သွားတာ ပြုံးလိုက်သည်။

ထိုချက်ချင်းရလဒ်က ပတ်ဝန်းကျင်က လူအားလုံးကို ကြောင်အသွားစေသည်။

ခွေးတွေလည်း လုပ်ကြံပြီး ငိုတတ်တာလား?!

"ဘာကြီး_!အဲ့ golden retriever က လူလိုဘဲလား?!"

"ဒီနေ့ခေတ်ခွေးတွေက တအား ဉာဏ်ကောင်းလာကြတာလား?!"

ဒါပေါ့ အရှူရာက လုပ်ကြံမငိုပါဘူး။ သူက ဉာဏ်ကောင်းပေမယ့်လည်း လိမ်ညာတတ်သည့် မဟုတ်။

ရှရှီပေ စိတ်စွမ်းအားက ခုခံဖို့ ခက်တယ်ဘဲ ပြောရမှာဘဲ။

အရှူရာကို နှစ်သိမ့်ပေးပြီး ရှရှီပေ မြေပြင်‌‌ေပါ်  ဘာမှ မဖြစ်သလို ထိုင်နေသည့် ဟန်နီ့ကို ကြည့်လိုက်သည်။ သူမအကြည့်တို့က ခိုင်မာသွားပြီး ခေါ်လိုက်သည်။ "ဟန်နီ!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now