အပိုင်း ၁၃၈

Bắt đầu từ đầu
                                    

"အရှူရာ! မင်းဘယ်သွားနေတာလဲ?! ပြန်လာခဲ့စမ်း!" သခင်၏ စိတ်ပူသော အသံက နောက်ကနေ ထွက်လာသည်။

golden retriever က သူပြောတာကို ကြားပုံမရတာ အရှေ့ကို ဆက်ပြေးနေသည်။

ထိုကောင် တစ်ယောက်ယောက်ကို မြင်တော့ မျက်လုံးတွေ တောက်ပလာကာ အရှိန်တင်လိုက်သည်။

"မြန်မြန် မြန်မြန်! လမ်းဖယ်ကြ!"

လူတွေ ကြောက်ရွံ့စွာ ဘေးကို ကပ်ကုန်ကြသည်။ တကယ်ဘဲ ခွေးရူးတွေက ကြောက်စရာကောင်းတာဘဲ။

စိတ်ပူပြီး ကြောက်စရာကောင်းသည့် အကြည့်တို့က သူ့ဆီစုပြုံနေပေမယ့်လည်း golden retriever ကတော့ ရှရှီပေဆီ အပြေးသွားကာ လမ်းကြောင်းတွင် ရပ်လိုက်သည်။

ကားသာဆိုရင် မင်းတို့ ကားမရပ်ခင် ကားမြည်သံကို ကြားနေရဦးမှာပင်!

"အရှူရာ!"

ဝဝတုတ်တုတ်ကောင်လေးက သူတို့ဆီကို နောက်ကနေ ရောက်လာပြီး ချွေးများသိုက်သိုက်ပြိုက်ပြိုက်ထွက်နေသည်။ သူ ဖြစ်နေတာကို ကြည့်ပြီး မှင်သက်သွားသည်။

သူ့ရဲ့ ဉာဏ်ကောင်းပြီး ချောမောချစ်စရာကောင်းသည့် golden retriever ကြီးက မြေပြင်ပေါ်လှဲကာ သူ၏ နူးညံ့အမွေးပွသော ဗိုက်ကို လှန်ထားတယ်!

ဟောဟဲဟောဟဲဖြင့် လျှာထုတ်ကာ သူ့အမြီးကို စိတ်လှုပ်ရှားမှုတို့ဖြင့် လှုပ်ခါနေသည်။

ရန်ကျွင်းချန် စွံ့အသွားသည်။ သူ ထိုမြင်ကွင်းကို အံ့ဩစရာကောင်းအောင်ကို ရင်းနှီးနေတယ်!

"ဝုဖ်!"

Golden Retriever က ရှရှီပေကို ဟောင်ပြလိုက်ကာ သူ့မျက်လုံးတို့က သူမဆီတွင်သာ ရှိနေသည်။ သူ အဆင်သင့်ဖြစ်နေပြီ လာစမ်းပါ! တက်နင်းဖို့ မကြောက်ပါနဲ့....အို့ မဟုတ်ဘူး သူ့အမွေးတွေကို ဖွဖို့ မကြောက်နဲ့!

"အရှူရာ! အခုချက်ချင်းထစမ်း!" ကောင်လေးက ဒီအချိန် အသက်ရှူမဝဖြစ်နေသည်။

သူ သူ့ခွေးကို ဆွဲထူပြီး နာနာ‌ေလးရိုက်ချင်နေတယ်! ဒီကောင် ဘာလုပ်နေတာလဲဟ?!

ထိုအချိန် သူ လူတွေက ခွေးတွေကို ဘာလို့ ကပ်ဖားယက်ဖားလို့ ခေါ်တာလဲဆိုတာ နားလည်သွားသည်။

ရက်စက်သောနတ်ဘုရားမNơi câu chuyện tồn tại. Hãy khám phá bây giờ