အပိုင်း ၁၃၅

Start from the beginning
                                    

စုန့်ကျားရန်က သူမကို လင့်ခ်တစ်ခု ပို့လာသည်။ သူမ နှိပ်ကြည့်ပြီး တစ်ယောက်‌ေယာက်ကို ရှာနေသည့် ဘလော့ဂါတစ်ယောက်၏ ပို့စ်ဖြစ်သည်။

[ကျေးဇူးပြုပြီး တစ်ယောက်ယောက် ဒီအလှလေးရဲ့ လိပ်စာကိုသိကြလား?ကူပါဦး!]

ခေါင်းစဉ်က အံ့ဩစရာကောင်းကာ အောက်ကစာတို့က အနည်းငယ် ကို့ရို့ကားယားနိုင်နေသည်။

[မနေ့တုန်းက ကျွန်တော် ကျွန်တော့်ဟန်နီကို အပြင်ခေါ်လာပေမယ့် အဲ့ကောင်က အလှလေးရဲ့ အလှအောက်မှာ မြောသွားတယ်! ကျွန်တော်တို့ ပြန်လာတော့ ဟန်နီ ညနေပိုင်းမှာ ဟုတ်နေသေးတာဘဲ ဒါပေမယ့် မနက်စောစောရောက်တော့ အပြင်ထွက်ဖို့ အသနားခံနေတယ်! ကျွန်တော်သူ့ကို ကျွန်တော်တို့ သွားဖူးတဲ့နေရာတွေကို ခေါ်သွားပါတယ်ဗျာ ဒါပေမယ့်လည်း အဲ့ကောင်က ဂနာမငြိမ်ဖြစ်နေသေးတယ် အဲ့ကောင်က ကျွန်တော် အရင်ကတွေ့ခဲ့တဲ့ ကောင်မလေးကို သွားရှာမယ်ဆိုတော့မှ ငြိမ်သွားတာဗျ! ဒါပေမယ့် သူမက ဘယ်မှာလဲဆိုတာ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ?!]

အခု ဒီပို့စ်က်ုတင်သည့်သူက ခြုံးခြုံးကျနေပြီဆိုတာကို လူတွေပြောနိုင်သည်။

[ကျွန်တော် ကောင်မလေးရဲ့ လိပ်စာကို လုံးဝမသိဘူး! ကျွန်တော်ရှာရင်တောင် ရှာလို့မတွေ့ဘူး! အခု ဟန်နီ ဒီဝင်နေပြီ! ဟုတ်တယ် ဟန်နီ ဒီဝင်နေတယ်! အဲ့ကောင် ဘာကိုမှ စိတ်မဝင်စားတော့ဘူး! အဲ့ကောင် သူ့အကြိုက်ကြောင်စာတောင်မှလေ!]

[ကျေးဇူးပြုပြီး ဒီကောင်မလေးရဲ့ ဆက်သွယ်ရမယ့်လိပ်စာကို တစ်ယောက်ယောက်သိကြလား? သိရင် ကျွန်တော့်ကို မက်ဆေ့ပို့ပေးကြပါဗျ! ကျွန်တော် ကျေးဇူးတင်နေမှာပါ! ကျေးဇူးပြုပြီး ကျွန်တော့်ဟန်နီကို ကယ်ပါဦး!]

အောက်တွင် အွန်လိုင်းပေါ်က ဟန်နီနှင့် ရှရှီပေတို့ပုံတွေပင်။

‌ပို့စ်အောက်က ကွန်မန့်တွေက အမျိုးမျိုးအထွေထွေပင်။

[ဒါက စကားပြောဖို့ နောက်ဆုံးပေါ်နည်းလား? မင်းကြောင်ကို အသုံးပြုနေတာလား?]

__[အဲ့တာက စကားပြောတဲ့စာကြောင်းမဟုတ်ဘူး! ငါသာ သူမနဲ့ စကားပြောချင်ရင် သူမနံပါတ်ကို အရင်တောင်းမှာပေါ့]

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now