အပိုင်း ၁၃၄

Começar do início
                                    

"မရိုးဘူးနော် ဒါပေမယ့် ငါတို့ ပူးပေါင်းမယ်ဆိုရင် အလုပ်ဖြစ်မှာပါ!"

ဘာဘဲဖြစ်ဖြစ် ရှရှီပေ ယုံကြည်မှုအများကြီးရှိသည်။

သူမ အရင်ဘဝတွင် ထန်လော်က နတ်ဘုရားလော်၏ စထရင်းမင်းတီဗီ၏ တည်ထောင်သူပင်။

သို့ပေမယ့် ထိုအရာက အခုကစပြီး နောက်နှစ်နှစ်နေမှပင်။

ထိုအချိန်တွင် စထရင်းမင်းတွေက တက်တက်ကြွကြွဖြင့် တော်တော်ပေါ်ပြူလာဖြစ်နေပြီ။ နတ်ဘုရားလော်စထရင်းမင်းတီဗီက ကျော်ကြားသော စထရင်းမာအများကြီးရှိတာကြောင့် အကျိုးအမြတ်အများကြီး ပြုလုပ်နိုင်သည်။

နောက်ပိုင်း နတ်ဘုရားလော်တီဗီက ဈေးကွက်ထဲတောင် ရောက်သွားသည်။ သို့ပေမယ့် ထိုအချိန်တွင် ထန်လော်က နတ်ဘုရားလော်စထရင်းမင်းတီဗီနှင့် ဘာမှမဆိုင်တော့။

အခု ရှရှီပေ ရှေ့ဆက်ချင်နေသည်။

"ငါတို့ ဘယ်လိုပူးပေါင်းမှာလဲ? မင်းမှာ ပိုက်ဆံရှိလား? ဒါမှမဟုတ် နည်းပညာရှိလား?" ထန်လော် ရှရှီပေကို လုံးဝ ဂရုမစိုက်သလိုပင် မျက်နှာသေဖြင့်ကြည့်လိုက်သည်။

"ငါ့လက်ထဲမှာ သိန်းဂဏန်းလောက်တော့ရှိတယ် ဝင်ဖို့လည်း ရှိသေးတယ် နည်းပညာကတော့ ငါ နင့်ရဲ့ လုပ်ရည်ကိုင်ရည်ကို ယုံတယ် ဒီလောက် တော်နေတော့ နင့်မှာ အခြားပညာရှင်တွေနဲ့ အဆက်အသွယ်ရှိမယ်လို့လည်း ငါယုံတယ်"

ရှရှီပေ သူ့ကို တောက်ပပြီး တည်ငြိမ်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"သိန်းလောက်?" ထန်လော် ရယ်ပြီး ခေါင်းရမ်းလိုက်သည်။ "မင်း ဒါကို သိန်းဂဏန်းလောက်နဲ့ လုပ်လို့ရမယ်လို့ ထင်နေတာလား?"

"ဒါပေါ့ မလွယ်ဘူးဆိုတာ ငါသိတာပေါ့ ဘယ်လိုလုပ်ရမယ်မှန်းလည်း ငါမသိဘူး ဒါပေမယ့် ငါ နင်လုပ်နိုင်လိမ့်မယ်လို့ ယုံတယ်!"

ရှရှီပေအကြည့်နှင့်တွေ့ပြီး ထန်လော် နှလုံးသားက အနည်းငယ်အေးစက်သွားသည်။

သူ လှောင်ပြောင်သောအပြုံးဖြင့် "ဒီကမ္ဘာမှာ မင်း ကြိုးစားတာလောက်နဲ့ တစ်ခုခုအောင်မြင်နိုင်တာမဟုတ်ဘူး"

ရက်စက်သောနတ်ဘုရားမOnde as histórias ganham vida. Descobre agora