အပိုင်း ၁၃၀

Start from the beginning
                                    

သူက တကယ်ဘဲ လူချမ်းသာကို__
သူ့အတွက် ဒီလိုအဝတ်တွေအများကြီး ဝယ်တာက ကြက်သွန်နီလေး နည်းနည်းလောက် ဝယ်ရသလိုပင်။

ဆိုင်နှစ်ဆိုင်လုံးက luxury ဘရန်းတွေရောင်းတာပင်။ အဝတ်အစားထဲ ဈေးအပေါဆုံးက ဂဏန်းလေးလုံးလောက်ရှိပြီး ဈေးအကြီးဆုံးက ငါးလုံးလောက်ရှိသည်။

အားလုံးပေါင်း သူ တစ်သိန်းကျော်သုံးလိုက်တာဘဲ!

ရှရှီပေ မျက်မှောင်ကြုံ့လိုက်သည်။ "ကျွန်မ အဲ့လောက်အများကြီးမလိုဘူး"

သူမ နှစ်အိတ်လောက်ဘဲယူပြီး ကျန်တာကို အကုန်ပြန်တွန်းပေးလိုက်သည်။ "ရှင် ဒါတွေကို ပြန်သွင်းလိုက်"

"မင်း ဒါတွေကို မကြိုက်ဘူးလား?" ချောင်ရန်ကျွယ် အိတ်တွေကို ကြည့်လိုက်သည်။

"ကျွန်မကြိုက်ပါတယ် ဒါပေမယ့် ကျွန်မ မလိုဘူး"

"မင်းကြိုက်နေမှတော့ ယူထားလိုက် ကိုယ်မင်းကို အကြွေးတင်နေတာဘဲကို" ချောင်ရန်ကျွယ် ပြန်ပြောပြီး အိတ်တွေကို သူမဆီ ပြန်တွန်းပေးလိုက်သည်။

"ရှင် ကျွန်မကို အဲ့လောက် အကြွေးမတင်ပါဘူး"

ရှရှီပေ ဒီလောက်ဈေးအများကြီးပေးရသည့် အရာတွေကို လက်ခံရလောက်သည့်အထိ အရေမထူ။

"မင်း ကိုယ့်ကို နောက်တစ်ခါ ကယ်ထားတာမဟုတ်ဘူးလား? ဒါက ကျေးဇူးတင်လို့ ပေးတဲ့ လက်ဆောင်" ချောင်ရန်ကျွယ် ဆက်ပြောလိုက်ပြန်သည်။

"ကျေးဇူးတင်လက်ဆောင်?" ရှရှီပေ စွံ့အသွားသည်။ သူမသာ အခွင့်အရေးရှိမယ်ဆိုရင် သူမ တကယ်ပင် သူ့ကို ကယ်မှာမဟုတ်။

ပြီးတော့ သူမ မကယ်ရင်တောင် သူက အကောင်းအတိုင်းရှိနေမှာပင်။

"‌ဟုတ်တယ်" ချောင်ရန်ကျွယ် ခေါင်းငြိမ့်လိုက်သည်။ "ကိုယ့်အသက်က တော်တော် တန်ဖိုးရှိတယ်"

ရှရှီပေ စကားလုံးများ ပျောက်ရှသွားသည်။

သူမ မပြောခင် ချောင်ရန်ကျွယ် စကားလမ်းကြောင်းလွှဲလိုက်သည်။ "နောက်ကျနေပြီ ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now