အပိုင်း ၁၂၇

Start from the beginning
                                    

ဟော်ဇီကျွင်း ဆေးဆိုင်တွင် ရှရှီပေကို စောင့်နေစဉ် တံခါးက ရုတ်တရက်ပွင့်လာသည်။ ချောင်ရန်ကျွယ် သူ့လက်ထဲ တစ်ယောက်ယောက်ကို ချီပြီး ဝင်လာသည်။

သူ ရှော့ရပြီးမေးလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ?!"

ချောင်ရန်ကျွယ် တစ်ပတ်လောက်ပြန်သွားပြီးတော့ ဘာလို့ ရုတ်တရက်ကြီး ဒီကို လာရတာလဲ? ပြီးတော့ သူ ချီထားတာ ဘယ်သူလဲ?

ဟော်ဇီကျွင်း သူ့လက်မောင်းထဲက မိန်းကလေးကို ရှင်းရှင်းလင်းလင်း မြင်ရတော့ သူ နားလည်သွားပြီး အနည်းငယ် စိုးရိမ်သွားသည်။

"ရှောင်ရှက ဘာဖြစ်တာလဲ?"

"ကျွန်မကို အောက်ချ!" ရှရှီပေ ဟော်ဇီကျွင်းကို မြင်ပြီး အနည်းငယ် ရှက်သွားသည်။

ချောင်ရန်ကျွယ် သူမကို တစ်နေရာရာတွင် ညင်သာစွာ ချပေးလိုက်သည်။ သူ ခေါင်းကို လှည့်ပြီး ဟော်ဇီကျွင်းကို ပြောပြလိုက်သည်။ "တစ်ခုခုဖြစ်ခဲ့တာ သူမ ဒဏ်ရာ ရနေတယ် ထင်တယ်"

"ဒဏ်ရာရတယ်?!"

ဟော်ဇီကျွင်း ကြောင်အသွားကာ ချက်ချင်း သွားလိုက်သည်။

"ကျွန်မ အဆင်ပြေတယ်!" ရှရှီပေ လွတ်လပ်မှု ပြန်ရရှိပြီးနောက် ချက်ချင်း ခေါင်းရမ်းလိုက်သည်။

သူမ ဘယ်လိုရှိတယ်ဆိုတာ သူမသိတာပေါ့။

"သူမကို စစ်ဆေးပေးလိုက်" ချောင်ရန်ကျွယ် ယုံပုံမရကာ ဟော်ဇီကျွင်းကို တစ်ခါ ပြန်ပြောလိုက်သည်။

ဟော်ဇီကျွင်း ရှရှီပေကို စစ်ဆေးပြီး ဘာဒဏ်ရာမှမရှိတာသေချာတော့ သူမလက်ကို ဆွဲပြီး သွေးကြောကို သေချာစွာ စစ်ဆေးပေးလိုက်သည်။ "ပြဿနာကြီးကြီးမားမားမရှိပါဘူး ဒါပေမယ့် သူမက နည်းနည်း အားနည်းနေတယ်"

"အားနည်းတယ်?" ချောင်ရန်ကျွယ် စိတ်ရှုပ်သွားသည်။

"ဟုတ်တယ် အာဟာရ လုံလုံလောက်လောက်မရှိတာ" ဟော်ဇီကျွင်း ပြန်ဖြေလိုက်သည်။

ထိုအရာကို ကြားပြီး ဟော်ဇီကျွင်း ချက်ချင်း ရှရှီ‌ေပကို ဆူပူသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်း ကောင်းကောင်း အစာမစားဘူးလား?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now