အပိုင်း ၁၂၄

Start from the beginning
                                    

တဖြည်းဖြည်းနှင့်ပင် ရှရှီပေကဘဲ အဝတ်အစား အကုန်လုံးကို ဝတ်ကြည့်နေရသည်။

သိသိသာသာပင် အဝတ်အစားများကို ဝတ်ကြည့်ပြီး ရှရှီပေ မဂ္ဂဇင်းထဲက မော်ဒယ်များကဲ့သို့ပင် အလွန်လှပပြီး ညှို့ယူဆွဲဆောင်နိုင်သည်။

အဆုံးတွင် စုန့်ကျားရန် လက်တစ်ချက်ယမ်းပြီး ရက်ရောစွာပင် အဝတ်အစားအကုန်လုံးဝယ်ကာ ရှရှီပေကို အကုန်လုံးပေးလိုက်သည်။

အဝတ်က ဈေးမပေါ အကုန်ပေါင်းလိုက်ရင် ယွမ်တစ်သောင်းလောက်ရှိသည်။

ရှရှီပေ ချက်ချင်း ငြင်းလိုက်ပြီး သူမဘာသာ ပေးချင်ပေမယ့် စုန့်ကျားရန် သူမကို ခက်ထန်စွာ ကြည့်လိုက်သည်။

"နင် ငါ့ကို အများကြီးကူထားတာ! ငါ နင့်ကို အဝတ်နည်းနည်းလောက် ဝယ်ပေးတော့ ဘာဖြစ်လဲ? ပြီးတော့ ငါ နင့်ကို အဝတ်လှလှလေးတွေနဲ့မြင်ရတာ ကျေနပ်တယ်"

စုန့်ကျားရန်သာ မိန်းကလေးမဟုတ်ဘူးဆိုရင် သူမက ဝတ္ထုတွေထဲက ချုပ်ကိုင်တတ်တဲ့ ဘော့စ်လိုပင်။

ရှရှီပေ ဤအဝတ်အစားများကို တတ်နိုင်ပေမယ့်လည်း သူမ စုန့်ကျားရန်ကိုတော့ ပြိုင်မပြောနိုင်။

"အဲ့တာဆိုလည်း ကောင်းပြီ" သူမ မပြောချင်ပြောချင် ပြောလိုက်ရသည်။ 

"ငါ့ အမားသာ ငါ နင့်ကို အဝတ်အစားတွေ ဝယ်ပေးတာကို သိရင် သူမ အဆုတ်ပွင့်အောင်အော်တော့မှာ!" စုန့်ကျားရန် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

ရှရှီပေ ကို့ရို့ကားယားနိုင်သွားပြီး သူမ ပြန်ရှင်းပြလိုက်သည်။ "သူမ အခုနောက်ပိုင်း ဆိုင်ဖွင့်ဖို့  ပြင်ဆင်နေရတာနဲ့ဘဲ အလုပ်များနေတာ အဲ့တာကြောင့် နင့်ကို အဝတ်ဝယ်ပေးဖို့ မေ့နေတာ သူမသာ ငါ နင့်ကို အဝတ်အရင်ဝယ်ပေးတာသိရင် သူမ ဒေါပွနေတော့မှာ!"

သူမအမေတုန့်ပြန်တာကို မြင်ယောင်ပြီး စုန့်ကျားရန် ရယ်သွမ်းလိုက်သည်။

ဖန်ယုံရှင်း ကြည့်ကောင်းသည့်သူများကို ချစ်ခင်ပြီး သူမ အလှဆင်လို့ရမည့် သမီးလှလှလေးကို လိုချင်ခဲ့သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now