အပိုင်း ၁၁၅

Start from the beginning
                                    

ဒါပေါ့ သူက ရှရှီပေရဲ့ လုံခြုံရေးကို စိတ်ပူနေတာမဟုတ်ဘူး။ သူ စိတ်ပူတာက သူမ သူ့ကို အရှက်ကွဲအောင် လုပ်မှာကိုပင်။

ဖျော်ဖြေရေးလောကက ကောလဟလ ပေါင်းစုံဖြင့် ပြည့်နှက်နေသည်။

တစ်ချို့ မိန်းကလေး သရုပ်ဆောင်တွေက လူတွေရဲ့ မယားငယ်ဖြစ်သွားတယ်တောင် သူကြားရသည်။

ရှရှီပေသာ အဲ့လမ်းကြောင်းကို လျှောက်မယ်ဆိုရင် သူ့မျက်နှာကို အိုးမည်းသုတ်တာနှင့် တူတူဘဲပင်!

"သူမလုပ်တာကို ရှင်ဘာလို့ ဂရုစိုက်နေလဲ?" လျိုလီရှင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကျွန်မတို့ ငွေရတာနဲ့ အဆင်ပြေနေပြီမလား? ကျွန်မတို့လုပ်ရမှာက လက်မှတ်လေးထိုးပေးလိုက်ရုံဘဲ ပြီးရင် ပိုက်ဆံတွေက ကျွန်မတို့ဆီ ရောက်လာမှာ ရှင် အဲ့လို အချီကြီးကြီးကို လွတ်သွားချင်လို့လား?"

ရှရှဟိုင်က ထိုကိစ္စကို လက်မလွှတ်နိုင်ဘူးလေ။

ဒါပေမယ့် သူတို့ရဲ့ စိတ်ကူးယဉ်အတွေးတွေ တွေးနေပေမယ့် ရှရှီပေ သူတို့ ပြောတာကို လက်ခံမလားဆိုတာကို သူတို့ မစဉ်းစားဘူး။

"ရှင် ကျွန်မကို လက်မှတ်ထိုးပေမယ် ကျွန်မက ရှင့်ကို ယွမ်လေးသိန်းပေးရမယ်?"

ရှရှဟိုင်၏ ဖုန်းကောလက်ခံပြီး သူ၏ စိတ်ကူးယဉ်အတွေးတွေကို ‌နားထောင်ပြီး ရှရှီပေရဲ့ နှုတ်ခမ်းက ထေ့ငေါ့သော အပြုံးပြုံးလိုက်သည်။

သူမ ရှရှဟိုင်ကို သူမ ဆုပေါက်တာကို ဘယ်လိုသိလဲမမေး သိသာနေသည့် ကိစ္စကြီးလေ။

သို‌့ပေမယ့် သူမ ရှရှဟိုင်ကို လက်မှတ်လေးတစ်ခုအတွက်နဲ့ ယွမ်လေးသိန်းတောင်းရလောက်အောင် အရှက်မရှိဘူးဆိုတာ ထင်မထားဘူး!

"ဟုတ်တယ်"

ဖုန်းရဲ့ အခြားတစ်ဖက်တွင်တော့ ရှရှဟိုင်တည်ငြိမ်အေးဆေးနေသည်။

"နင် ဆယ်လီမဖြစ်ချင်ဘူးလား? ငါ လက်မှတ်ထိုးပေးမယ်"

"ဟားဟား" ရှရှီပေ အရေးမစိုက်စွာ ‌ရယ်လိုက်သည်။ "ရှင့် လက်မှတ်က ပိုက်ဆံ အဲ့လောက်တန်တယ် ထင်နေလား? ရှင်က ကျွန်မထင်ထားတာထက် ပိုပြီး အရှက်မရှိတာဘဲ!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now