အပိုင်း ၁၁၁

Comenzar desde el principio
                                    

"ကားတစ်စီးက ၂၁၀၀၀၀ တန်တယ် နှစ်စီးဆို...."

"၄၂၀၀၀၀!" လျိုကျီကျင်း ပင့်သက်ရှိုက်လိုက်ပြီး သူမမျက်လုံးတို့က ပြူးထွက်သွားသည်။

၄၂၀၀၀၀! များလှတဲ့ ပမာဏဘဲ!

လျိုကျီကျင်းက ထောင်ယွယ်ယင်းနဲ့နောက်ခံတူတူလောက်က လာတာ။ နှစ်ခုလုံးက သေးပေမယ့် ငွေရေးကြေးရေးတော့ ခိုင်ခံ့သည်။

သူတို့အတွက် တစ်လကို ယွမ်တစ်ထောင် နှစ်ထောင်လောက်ရတာကိုက ကောင်းနေပြီ။ အခြားကျောင်းသားတွေက တစ်လကိုမှ ယွမ်လေးရာ ငါးရာလောက်ရတာ။

ထို့ကြောင့် ၄၂၀၀၀၀ယွမ်က သူတို့အတွက် များပြားသည့်ပမာဏပင်။

သို့ပေမယ့် ထိုကဲ့သို့ များပြားသည့် ငွေပမာဏက ရှရှီပေဆီ ရောက်သွားတာ။

"နင်တို့တွေ သူမ မိသားစုက သူမမှာ ဒီလောက် ပိုက်ဆံအများကြီးရှိတာသိတယ် ထင်လား?" ရှချင်းဟန် ဖြတ်မေးလိုက်သည်။

"ဟုတ်တယ်!" လျိုကျီကျင်း မျက်လုံးတွေက တောက်သွားသည်။ "သူမက ငါတို့လို အငယ်ရှိသေးတာ သူမမိဘ‌ေတွက သူမလက်ထဲ ငွေတွေ အများကြီးရှိတာကို စိတ်ပူကြမှာဘဲ!"

သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်ပြီး သူတို့ မျက်လုံးတွေက တလက်လက်တောက်နေတယ်။

လျိုကျီကျင်း သူမစိတ်ထဲ ရင်ဖိုစရာကောင်းသော အကြံတို့ရှိနေသည်။

ရှရှီပေမိဘတွေသာ သူမလက်ထဲ ငွေအများကြီးရှိတယ်ဆိုတာ သိရင် သူတို့ စိတ်ပြေလက်ပျောက်ရှိကြမှာမဟုတ်ဘူး!

ရှချင်းဟန် လျိုကျီကျင်းမျက်နှာပေါ်က အဓိပ္ပာယ်ပါတဲ့ အကြည့်ကို တွေ့တော့ စိတ်အခြေအနေပိုကောင်းလာပြီး သူမနှုတ်ခမ်းတို့က ထေ့ငေါ့သော အပြုံးတို့ ပြုံးလိုက်သည်။

သူမ လျိုကျီကျင်းက သူမ စိတ်ကျေနပ်စေလောက်သည့် အရာတွေ လုပ်ပေးမှာဆိုတာကို သိသည်။

သူမ ပြောဖို့ကြံတုန်း သူမဖုန်းမြည်လာသည်။ 

စခရင်ကို လော့ဖွင့်ပြီး ရှချင်းဂန် တောက်ပစွာ ပြုံးလိုက်သည်။

ရက်စက်သောနတ်ဘုရားမDonde viven las historias. Descúbrelo ahora