Extra - 3 (Epilogue)

5.4K 502 24
                                    

(Unicode)

နှစ်တွေ လတွေ အလီလီပြောင်းလဲလာပြီး ဂျောင်ဂု၏ ဦးဆောင်မှုအောက်တွင် ရှီယန်းတိုင်းပြည်က ပိုမိုအင်အားတောင့်တင်း၍ ကြွယ်ဝချမ်းသာလာသည်။ နယ်စပ်များတွင်သာ သူပုန်တွေ ရံဖန်ရံခါ ထကြွကြပြီး ထိုသူပုန်များကိုလည်း အလွယ်တကူ ရှင်းထုတ်နိုင်သည်။

ထို့ပြင် ထယ်ဂုလေးသည်လည်း ၁၂နှစ် အရွယ်သို့ပင် ရောက်လာပြီဖြစ်သည်။ ငယ်ငယ်ကလို လိုက်ချွဲနေခြင်းများ မရှိတော့ဘဲ ပကတိတည်ငြိမ်သွားသည်။ ထိုအချက်က ထယ်ယောင်းအား အနည်းငယ် ဝမ်းနည်းစေသော်လည်း မင်းမျိုးမင်းနွယ်မို့ ထယ်ဂု ငြိမ်သင့်တာတော့ မှန်ကန်ပါ၏။

ထယ်ဂုက ရဲစွမ်းသတ္တိပြည့်သော Alpha တစ်ယောက်ဖြစ်ပြီး သေနတ်ကို ချက်ကောင်းထိအောင်ပစ်နိုင်သလို၊ ဓားကွက်ပေါင်းများစွာကိုလည်း အလွယ်တကူ ကစားနိုင်သည်။ ထို့ပြင် လေးနဲ့မြားကိုလည်း ကျွမ်းကျင်စွာ ကိုင်နိုင်နေပြီဖြစ်သည်။ ပုရောဟိတ်များနဲ့သာမက ဂျောင်ဂုကိုယ်တိုင်လည်း ထယ်ဂုကို လေ့ကျင့်ရေးပေးသည်မို့ ထယ်ဂုလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ်တော်သည်။ ထို့ပြင် ဂျောင်ဂုကလည်း ထယ်ဂုကို အိမ်ရှေ့စံရာထူးအား စိတ်ချစွာ လွှဲအပ်တော့မည်ဖြစ်သည်။

ယခုလည်း သေနတ်ပစ်ကွင်းထဲတွင် သားအဖနှစ်ယောက် ရိုင်ဖယ်သေနတ်များနဲ့ တည်ငြိမ်စွာ လေ့ကျင့်နေကြသည်။ ဂျောင်ဂု၏ နည်းပြမှုနဲ့ ထယ်ဂု၏ ပါရမီပါမှုကြောင့် ခဏချင်းပင် တက်မြောက်သည်။ ထိုမြင်ကွင်းကို ထယ်ယောင်းက ဘေးကနေ ရပ်ကြည့်လျက်။

ဂျောင်ဂုက အရင်ကထက် ပို၍ ခန့်ညားကာ ဩဇာရှိသည့်ပုံ ပေါ်လာသလို ထယ်ယောင်းကလည်း Omega သွေးကြွ အလှတိုးနေမြဲ။

"ထယ်ဂု... တစ်မနက်လုံး လေ့ကျင့်နေတာ အခုနားသင့်ပြီလေ၊ နေ့လယ်စာစားချိန်ရောက်နေပြီ"

သေနတ်သံတွေကြား ထယ်ယောင်း၏ အသံလွင်လွင်လေးထွက်လာသည်မို့ သားအဖနှစ်ယောက်လုံး အပစ်အခတ်ရပ်တန့်သွားကြပြီး လှည့်ကြည့်လာကြသည်။

"ကျွန်တော် နဲနဲလောက် ထပ်လေ့ကျင့်ချင်သေးလို့ပါ"

ထိုမျှသာ ပြောပြီး ထယ်ဂုက တစ်ဖက်ပြန်လှည့်ကာ သေနတ်ကို မောင်းတင်၍ ဆက်ပစ်နေတော့သည်။ ဂျောင်ဂုကတော့ မပစ်တော့ဘဲ သေနတ်ကို အောက်ချကိုင်ကာ ထယ်ယောင်းနား ကပ်လာသည်။

Love In The Woods [Completed]حيث تعيش القصص. اكتشف الآن