🌳Four🌳

10.7K 1.4K 192
                                    

(Unicode)

အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ထယ်ယောင်း ထထိုင်လိုက်သည်။ ဘေးနားတွင် ဂျောင်ဂု ရှိမနေပါ။

ခေါင်းက မူးနောက်နောက်ဖြစ်နေသည်မို့ မျက်လုံးကို လက်နှစ်ဖက်နဲ့အုပ်လိုက်မိတော့ ညတုန်းက အဖြစ်အပျက်တွေက ခေါင်းထဲဝယ် တစ်ခုချင်းပြန်ပေါ်လာသည်။

ဂျောင်ဂု လက်ထဲမှာမှ heat တက်လာရတယ်လို့ ရှက်ဖို့ကောင်းလိုက်တာ။

ထယ်ယောင်း လေးလေးပင်ပင်နှင့်ပင် သစ်သားအိမ်လေးထဲမှ ထွက်လာသည်။

ထွက်ထွက်ချင်း တွေ့လိုက်ရတာက ဂျောင်ဂုရယ်။ မီးပုံ တစ်ခု၏ ဘေးရှိ သစ်သားတုံးပေါ်တွင် ထိုင်ကာ အသားတချို့ကို ကင်နေသည်။

"ဂျောင်ဂု"

ခေါ်သံကြောင့် ဂျောင်ဂုက အသားကင်နေရင်းနဲ့ လှည့်ကြည့်သည်။ ထယ်ယောင်းကိုတွေ့မှ နှုတ်‌ခမ်းထောင့်လေး ကွေးညွတ်သွားကာ ပြုံးပြတော့သည်။

ပြီးတော့ ဘေးကို အနည်းငယ်ရွေ့ပေးလိုက်ပြီး သူထိုင်နေသော သစ်သားတုံးကို မေးဆတ်ပြသည်။ လာထိုင်ဆိုသည့်သဘော။

ထယ်‌ယောင်းလည်း ဘာမှပြန်မပြောဘဲ ဂျောင်ဂုဘေးတွင် ဝင်ထိုင်လိုက်သည်။

ဂျောင်ဂုလက်ထဲရှိ တုတ်နဲ့ထိုးထားသော အသားကင်က မွှေးပျံ့လျက်ရှိတာကြောင့် ထယ်ယောင်းမှာ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ အနံ့ခံနေမိသည်။ ထယ်ယောင်းအပြုအမူကြောင့် ဂျောင်ဂုမှာ တစ်ချက်ထရယ်ပြီး

"ဗိုက်ဆာနေပြီလား"

"အရမ်းမဆာသေးပါဘူး ဒါနဲ့ ဘာသားလဲဟင်"

"ယုန်သား"

ချက်ချင်းပြန်ဖြေသော ဂျောင်ဂုအဖြေကြောင့် ထယ်ယောင်းမှာ မျက်လုံးပြူးသွားရသည်။

"ယုန်..ယုန်သား ဟုတ်လား"

"အင်း"

"ခင်ဗျားက တော်တော်ရက်စက်တဲ့ Alpha ပဲ"

"မင်းကို ဒီထက်ကြီးတဲ့ အကောင်တွေ ပစ်ပြီးကျွေးချင်ပေမဲ့ ယုန်ပဲတွေ့လို့"

Love In The Woods [Completed]Where stories live. Discover now