🌳Twenty - Three🌳

7.5K 1K 28
                                    

(Unicode)

ညအတန်ငယ်မှောင်နေပြီ။
ညမိုက်ညမို့ လရောင်လည်းမရှိ၊ လမင်းကြီးလည်း ကောင်းကင်ထက်ဝယ် ပျောက်ဆုံးလျက်။ ကြယ်ရောင် မှိတ်တုတ် မှိတ်တုတ်လေးများသာ ညအမှောင်ထုကို တတ်စွမ်းသမျှ အလင်းပေးနေရှာသည်။

တောစပ်နားတွင်တော့ ဂျောင်ဂုနဲ့ ထယ်ယောင်း။ ဂျောင်ဂုအား မြန်မြန်နှုတ်မဆက်ချင်သေးသည်မို့ ထယ်ယောင်းမှာ ဒဏ်ရာနဲ့ပင် တောစပ်ထိ လိုက်လာသည်။

ထယ်ယောင်းအား တစ်ယောက်ထဲ စိတ်မချသည်မို့ ဘောမ်ဂယူကလည်း ဓားတစ်လက်ဆွဲကာ မလှမ်းမကမ်းတွင် ရပ်စောင့်နေလိုက်သည်။

"ဒါတွေ အားလုံးပြီးသွားရင် မောင် တကယ်ပြန်လာခဲ့မယ်နော်"

ဂျောင်ဂုက ထယ်ယောင်းပါးလေးကို လက်ဖဝါးနဲ့အသာကိုင်ကာ ပြောသော်လည်း ထယ်ယောင်းထံမှ တုန့်ပြန်ခြင်း အလျင်းမရှိ။

"မောင့်အသက်ကို မောင်က အရမ်းချစ်တယ်"

အဲ့တော့မှ ထယ်ယောင်းမှာ ခေါင်းလေး ဖြည်းညင်းစွာ မော့လာပြီး ဂျောင်ဂု မျက်လုံးတွေနဲ့ ဆုံအောင်ကြည့်လိုက်သည်။ သို့သော်လည်း ဘာမှပြန်မပြော။

"မောင့်ကို တစ်ခုခုပြန်ပြောပါဦး"

"ပြောစရာ မရှိဘူး"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုရင်တွေနာရုံကလွဲပြီး ဘာမှမတတ်နိုင်။ ထယ်ယောင်း အဆင်ပြေ မပြေ ကြည့်ချင်လို့ လာရာကနေ ထယ်ယောင်းကို စိတ်ညစ်အောင် လုပ်တဲ့ တရားခံက သူကိုယ်တိုင်ပင် ဖြစ်နေခဲ့ပြီ။

ဂျောင်ဂုလည်း ဘာမှထပ်မပြောတော့ဘဲ ထယ်ယောင်းကိုယ်လုံးလေးကို ဖြည်းညင်းစွာ ပွေ့ဖက်လိုက်တော့ ထယ်ယောင်းမှာ ဂျောင်ဂုရင်ခွင်ကျယ်ကြီးဆီ ခေါင်းလေးမှီလာသည်။ နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်။

ထိုအချိန် လေတိုးသံ သဲ့သဲ့နဲ့အတူ ခပ်စူးစူး Pheromone တချို့ကို ခံစားမိသည်မို့ ဂျောင်ဂု ပတ်ဝန်းကျင်ကို အသာဝေ့ကြည့်လိုက်သည်။ ထယ်ယောင်းကတော့ သတိထားမိပုံမပေါ်။

သို့သော်လည်း ရုတ်တရက် ဟိုကြည့်ဒီကြည့်လုပ်နေသော ဂျောင်ဂုကို ထယ်ယောင်းက ရိပ်မိဟန်နဲ့ သေချာစိုက်ကြည့်နေသည်။ ဘာမှတော့ မေးခွန်းမထုတ်။

Love In The Woods [Completed]Where stories live. Discover now