🌳Eighteen🌳⚠️

11.9K 1.2K 65
                                    

(Unicode)

ညမှောင်လာသည်နှင့် ပတ်ဝန်းကျင်ဟာ ခုနကနဲ့ မတူဘဲ တိတ်ဆိတ်လျက်။ သေနတ်သံများတင်မက လူသံများပါ ရပ်သွားသည်မို့ ပုန်းနေသော Omega များမှာ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။

ထိုထဲတွင် ထယ်ယောင်းအပါအဝင်။
ယောက်ျားလေးဖြစ်သူမှာ ထယ်ယောင်းနှင့် ဘောမ်ဂယူသာရှိပြီး ကျန် Omega တွေက မိန်းကလေးတွေဖြစ်တာကြောင့် ထယ်ယောင်းကပဲ အရပ်ထဲ ပြန်ဝင်ရန်ပြင်လိုက်သည်။

ထယ်ယောင်း ထသည်နှင့် ဘောမ်ဂယူကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာသည်။

နေအိမ်များ သစ်ပင်များနဲ့ အမှောင်ထုကို အကာအကွယ်ယူပြီး အရပ်ထဲကို ပြန်ဝင်လာသည်နှင့် ဒူးထောက်နေကြသော မြောက်ပိုင်းရှီယန်းက စစ်သည်များကို အများအပြားတွေ့လိုက်ရတာ‌ကြောင့် ထယ်ယောင်းမျက်လုံးများ ပြူးကျယ်ဝိုင်းစက်လာသည်။ အရှေ့ဆုံးကို လှမ်းကြည့်လိုက်တော့ လရောင်အောက်တွင် လက်နက်ချကာ ဒူးထောက်လျက် သေဆုံးသွားသော ဖခင်အား ငေးကြည့်နေသော သူ၏ Alpha ။

ဂျောင်ဂုကို တွေ့မှ ထယ်ယောင်းလည်း ဘောမ်ဂယူကို ခဏထားခဲ့ကာ ပုန်းနေရာမှ ထွက်လာပြီး ဂျောင်ဂုနားကို ပြေးလာလိုက်သည်။

"မောင်"

အနားရောက်တော့ ဘေးတွင်ဝင်ထိုင်လိုက်သည်နှင့် ဂျောင်ဂုမှာ ထယ်ယောင်းရင်ခွင် ပိစိလေးထဲသို့ ခေါင်းတိုးဝင်လာသည်။ ထယ်ယောင်းလည်း ဂျောင်ဂုကျောပြင်ကို အသာလေးပုတ်ကာ ပြန်လည်ပွေ့ဖက်လိုက်သည်။ ခန္ဓာကိုယ်အကြီးကြီးနဲ့ ချွဲနေပုံကလည်း ချစ်စရာကောင်းသယောင်။

သို့သော်လည်း အရှေ့တွင် အဝတ်ဖြူဖုံးထားသော ဂျောင်ဂု၏ အဖေ တနည်းအားဖြင့် မြောက်ဘက်၏ ဘုရင်ကြီးဆီ အကြည့်ရောက်မိတော့

"ဘယ်လိုတွေဖြစ်ကုန်တာလဲ"

"မောင့်အသက်ပြောတာမှန်တယ်၊ ‌မောင့်အမေက တောင်ဘက်က ဘုရင်မကြီးပဲ၊ ပြီးတော့ အဖေက... အဖေက သူ့ကိုယ်သူ သတ်သေသွားတယ်၊ တိုက်ပွဲရပ်အောင်တဲ့လေ"

ဂျောင်ဂုစကားအဆုံး ထယ်ယောင်းအံ့ဩရုံကလွဲပြီး ဘာမှပြောမထွက်တော့။ မြောက်ဘက်က သူတွေသိပ်ကြမ်းတာကို ခုလို လွယ်လွယ်အရှုံးပေးလိုက်တယ်လား။ အချစ်တစ်ခုထဲကြောင့်နဲ့။

Love In The Woods [Completed]Where stories live. Discover now