🌳Twenty - Nine🌳

8.1K 938 38
                                    

(Unicode)

"မောင့်အသက်"

အနောက်ကနေ ရင်းနှီးနေပြီးသား အသံလေးတစ်ခုကြောင့် ထယ်ယောင်းနဲ့အတူ ဘေးနားက လက်ဝတ်လက်စားများ ဝတ်ဆင်ပေးနေတဲ့ အပျိုတော်တွေကပါ လှည့်ကြည့်လာကြသည်။

အခန်းထဲ ဝင်လာသူက ဂျောင်ဂုရယ်၊ ခမ်းလှတောက်ပြောင်သော အနီရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ ခေါင်းတွင်လည်း အဆင်တန်ဆာများက ပြိုးပြိုးပြက်ပြက်။

ထယ်ယောင်းကတော့ ပြင်ဆင်လို့ မပြီးသေးဘဲ အဆင်တန်ဆာများ ဝတ်ဆင်ရန် လိုသေးသည်။ သို့သော်လည်း ဝတ်စုံကတော့ ဂျောင်ဂုနဲ့ လိုက်ဖက်စွာ အနီရောင်တောက်တောက်အား ဝတ်ထားပြီး အပေါ်ကနေ ဇာပါးပါးတစ်ထည်ကပါ လွှမ်းခြုံထားသည်မို့ အတွင်းက အနီရောင်ဝတ်စုံက ထင်းနေဆဲပင်။

ဂျောင်ဂုဝတ်စုံက ဘေးအနားသတ်တွေ ကားနေသော်လည်း ‌ထယ်ယောင်းဝတ်စုံကမူ ထယ်ယောင်းကိုယ်လုံးလေးနဲ့ အံဝင်ခွင်ကျချုပ်ထားသည့်မို့ ခါးသွယ်သွယ်လေးနဲ့အတူ ခန္ဓာကိုယ်ကောက်ကြောင်းကပါ ထင်ရှားစွာ ပေါ်နေသည်။

ဂျောင်ဂုဝင်လာတော့ ထယ်ယောင်းဘေးက အပျိုတော်များက လုပ်လတ်စများကို ရပ်ကာ ‌အနားကနေ ‌ဖယ်ပေးပြီး ခေါင်းများငုံ့ထားကြသည်။

"မောင့်အသက်က လှနေတာပဲ"

"အခုထိ ပြင်ဆင်လို့မပြီးသေးတာကို ဘာလို့ ဝင်လာတာလဲ"

"အပြင်မှာ လူတွေအများကြီးပဲ၊ တောင်ဘက်ကရော မြောက်ဘက်ကရော လူတွေအကုန်ရောက်နေကြတာ၊ အဲ့ဒါကြောင့် မောင့်အသက်ကြောက်နေမှာစိုးလို့ လာခဲ့တာ"

ဂျောင်ဂုက ပြောပြီးတာနဲ့ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ကာ မျက်လုံးတွေကလည်း အငြိမ်မနေနိုင်ဘဲ ဟိုကြည့်ဒီကြည့်။ အသက်ရှူသံတွေကလည်း မြန်လိုက်နှေးလိုက်နဲ့ မူသိပ်မမှန်။ ဂျောင်ဂုအဖြစ်ကို ကြည့်ပြီး ထယ်ယောင်း ပြုံးမိသည်။

"ကြည့်ရတာ မောင်က ထယ့်ထက် ပိုကြောက်နေတာပဲ"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုမှာ ခေါင်းကို ဆတ်ခနဲ ရှေ့တည့်တည့် လှည့်လိုက်ပြီး

Love In The Woods [Completed]Where stories live. Discover now