🌳Eleven🌳

9.3K 1.2K 82
                                    

(Unicode)

"မောင့်အသက်"

ထယ်ယောင်းရှိရာ အခန်းတံခါးနားသို့ အသာကပ်ရင်း ခေါ်လိုက်မိသည်။ အထဲက ဘာတုန့်ပြန်သံမှ မကြားရ။

"တောင်းပန်ပါတယ်၊ မောင်က Omega တွေကို အဲ့လို သဘောထားတာမဟုတ်ပါဘူး၊ မောင်ရှင်းပြတာ နားထောင်ပါဦး"

ဒုတိယအကြိမ်စကားဆိုလိုက်သော်လည်း ထယ်ယောင်းဆီက ဘာအသံမှ ထွက်မလာသေး။

"မောင် သူတို့ကို မြောက်ဘက်ဆီ ခေါ်မသွားတော့ဘူးလေ၊ မောင့်ကို စိတ်မဆိုးပါနဲ့"

အဲ့တော့မှ 'ချောက်' ခနဲ အသံနဲ့အတူ တံခါးချပ်လေး ပွင့်လာသည်။ တံခါးပွင့်လာသည်နှင့် ဂျောင်ဂု မျက်လုံးကို တည့်တည့်မကြည့်ဘဲ အောက်သို့ ငုံ့ကာ နှုတ်ခမ်းကို စူပုတ်ထားသော ထယ်ယောင်း။

"တကယ်ပြောတာလား"

"တကယ်ပေါ့၊ မောင်က မောင့်အသက်ကို ညာစရာလား"

"ဒါဆို အထဲဝင်"

ထယ်ယောင်းထံမှ ခွင့်ပြုချက်ရမှ ဂျောင်ဂုလည်း အခန်းထဲဝင်ကာ တံခါးပြန်ပိတ်လိုက်သည်။ ပြီးမှ ထယ်ယောင်းရဲ့ လက်လေးနှစ်ဖက်ကို အသာဆုပ်ကိုင်လိုက်ပြီး

"မောင် ရှင်းပြမယ်၊ ဒါက မောင့်ဆန္ဒမဟုတ်ခဲ့ပါဘူး၊ သိတဲ့အတိုင်း မြောက်ဘက်ရှီယန်းဆိုတာက Omega တွေကို သိပ်မုန်းကြတာလေ၊ အထူးသဖြင့် မောင့်အဖေပေါ့၊ သူက ဘုရင်ဖြစ်နေတော့ ပိုဆိုးတယ်၊ Omega တွေကို ဆောင်ကြာမြိုင်အတွက်ပဲ အသုံးချတာ"

"မောင်က တားပေါ့"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုသက်ပြင်းတစ်ချက် မသိမသာချရင်း

"မောင်သာ ဘုရင်ဖြစ်ရင် အဲ့စည်းမျဉ်းတွေအကုန် ပြောင်းပစ်မယ်၊ ထပ်ပြီး Alpha Beta Omega ရယ်လို့ မရှိတော့ဘဲ ဒီတိုင်း လူသားတွေ အဖြစ်ပဲပေါ့"

ဂျောင်ဂုက ပြောပြီးတာနဲ့ ထယ်ယောင်းရဲ့ လက်လေးကို အသာဖိကပ်နမ်းလိုက်သည်။ ထယ်ယောင်းမျက်နှာလေးက ချက်ချင်း ရွှင်လန်းသွားပြီး

"ဒါဆို အဲ့ကျရင် ထယ်ရော စစ်သူကြီးလုပ်လို့ရတာပေါ့"

"မရဘူး"

Love In The Woods [Completed]Where stories live. Discover now