🌳Twenty🌳

8K 1K 26
                                    

(Unicode)

မြောက်ဘက်ရှီယန်း။
မင်းကြီးနတ်ရွာစံထားသည်မို့ လူတွေမှာ အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ဂျောင်ဂုဝင်လာတာကို တွေ့မှ တီးတိုးတီးတိုးပြောနေတာတွေရပ်ပြီး ဂျောင်ဂုအား အရိုအသေပေးလာကြသည်။

ဂျောင်ဂုကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ မြင်းအား ဒုန်းစိုင်းစီးကာ နန်းတော်ဆီသို့သာ ဦးတည်လာလိုက်သည်။ မြင်းအား အစောင့်တစ်ယောက်နဲ့ အပ်ခဲ့ကာ နန်းတော်ထဲ စဝင်သည်နှင့် အထိန်းတော် အီဂွမ်ဆူက အနားသို့ပြေးလာပြီး အရိုအသေပေးသည်။

"မင်းသား၊ ဝတ်စုံအဖြူရောင် ဝတ်ရပါမယ်"

"အခုချက်ချင်း ဝမ်လူကြီးမင်း မိသားစုတင်မက သူနဲ့ တော်စပ်တဲ့ အမျိုးတွေ အကုန် ခေါ်ခဲ့ပါ"

ဂျောင်ဂုစကားကြောင့် ဂွမ်ဆူမှာ ကြောင်တောင်တောင်နဲ့ မော့ကြည့်လာသည်။

"ဘာ..ဘာလုပ်မလို့လဲ မင်းသား"

"ထယ်ယောင်းကို မဟုတ်တမ်းတရားတွေ လျှောက်စွပ်စွဲထားတဲ့သူတွေ အကုန်သတ်ပစ်မယ်၊ အခုချက်ချင်း ခေါ်ခဲ့ပါ"

ဂွမ်ဆူဘာမှပြန်ပြောချိန်မရလိုက်၊ ဂျောင်ဂုက မိမိအခန်းရှိရာ နန်းဆောင်ဆီသို့ ခပ်သွက်သွက်လျှောက်လာသည်။ အပြင်က ပြန်လာတိုင်း စစ်ဆေးနေကျ ဖခင်မရှိတော့လည်း စိတ်ထဲ မကောင်း။

အပျိုတော်များ အသင့်ပြင်ပေးထားသော ဝတ်စုံအဖြူအား ဝတ်ပြီး ခါးကြားထဲ သေနတ်ထည့်ကာ အပြင်သို့ ပြန်ထွက်လာသည်။ အမိန့်ပေးထားသည့်အတိုင်း ဝမ်လူကြီးမင်းနဲ့တကွ သူ့လူတွေအကုန် ပင်မနန်းဆောင်တွင် ရောက်လို့ နေချေပြီ။

ဂျောင်ဂုကို တွေ့တာနဲ့ အပြစ်ရှိသူများအလား ကြမ်းပြင်တွင် ဝပ်သွားကြတာမို့ ဂျောင်ဂု ရွံရှာစွာပြုံးမိသေးသည်။ အပြစ်လုပ်တုန်းကလုပ်ပြီး အခုမှ သေမှာကြောက်နေကြတာမဟုတ်လား။

ဂျောင်ဂုက ထိုလူများရှေ့တွင် ရပ်လိုက်တော့ ဂွမ်ဆူက ဂျောင်ဂုနောက်တွင် လာရပ်သည်။ ဒေါသထွက်နေသော Alpha pheromone က အခန်းထဲဝယ် ပျံ့လွင့်နေသည်မို့ ထိုလူများထဲမှ Alpha အချို့မှာ အသက်ရှူရခက်လာပြီး ချောင်းတဟွတ်ဟွတ်ဆိုးလာကြသည်။

Love In The Woods [Completed]Where stories live. Discover now