🌳Twenty - One🌳

7.5K 993 74
                                    

(Unicode)

တစ်ပတ်ခန့်ကြာသော်
တောင်ဘက်က ပုံမှန်အတိုင်းဖြစ်လုနီးပါးရှိပြီး အပျက်အစီး တော်တော်များများကို ပြုပြင်ပြီးဖြစ်သည်။

ထယ်ယောင်းသည်လည်း ထုံးစံအတိုင်း မြက်ခင်းပြင်ကျယ်ကြီးဆီသို့ လာကာ တစ်ယောက်တည်း ‌ဓားရေး လေ့ကျင့်နေမိသည်။ ဂျောင်ဂုကို လွမ်းတဲ့စိတ်ကို ဖျောက်ပစ်ချင်တာလည်း ပါသည်။

မနက်ကတည်းက စ၍ လေ့ကျင့်နေတာ အခု နေမွန်းတည့်ခါနီးဖြစ်‌နေပြီမို့ နေအပူရှိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ ဒါကြောင့် ထယ်ယောင်းလည်း ခဏနားကာ အမောဖြေရန်အတွက် တောစပ်နားက သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ထိုင်ချပြီး အမောဖြေ‌နေတော့သည်။

ထိုင်နေလျက်နဲ့ပင် လည်ပင်းတွင် ဆွဲထားသော စိန်ပြာလော့ကတ်နဲ့ ဆွဲကြိုးလေးကို အသာကိုင်ကြည့်မိတော့လည်း ဂျောင်ဂုက ခေါင်းထဲ ရောက်လာပြန်သည်။

"မောင်က အလုပ်တွေ အရမ်းရှုပ်နေပုံပဲ"

တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း သစ်ပင်ကို မှီလိုက်ကာ မျက်လုံးမှိတ်ထားမိသည်။ ဘယ်အချိန်ထိ စောင့်နေရမှာလဲ မစဉ်းတတ်တော့။

"အစ်ကိုယောင်း"

ရင်းနှီးနေပြီးသား ခေါ်သံသဲ့သဲ့ကြောင့် ထယ်ယောင်း မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။ ထော့ကျိုးထော့ကျိုးနဲ့ အနားကို လျှောက်လာသော ဂန်ထယ်ဟွန်း။

"နေ့လည်စာ စားဖို့ အချိန်ရောက်နေပါပြီ၊ အိမ်ပြန်ရအောင်"

"ဟွန်းလေး၊ ဒဏ်ရာက မပျောက်သေးတာကို ဘာလို့ ရောက်လာတာလဲ"

"ကျွန်တော့်တာဝန်က အစ်ကိုယောင်းကို အိမ်ပြန်ဖို့ ခေါ်နေကျပဲလေ"

ထယ်ဟွန်းကို မလိုအပ်ကြောင်းပြောဖို့ ပါးစပ်ဟတုန်း‌ရှိသေး၊ အဝေးမှ အူးယားဖားယားပြေးလာသော ဘောမ်ဂယူကြောင့် ထယ်ယောင်း ပါးစပ်ပြန်ပိတ်သွားသည်။

"ဂန်ထယ်ဟွန်း!!!! ငါသွားခေါ်ပါမယ်လို့ ပြောထားတာကို ဘယ်သူ့ခွင့်ပြုချက်နဲ့ အပြင်ကို ထွက်သွားတာလဲ"

Love In The Woods [Completed]Where stories live. Discover now