🌳Twenty - Four🌳

7.7K 1K 20
                                    

(Unicode)

ခြုံပုတ်ကို ကွယ်ကာ မြောက်ဘက်ရှီယန်းဆီသို့ အသာလှမ်းကြည့်လိုက်သည်။ အဝေးကဆိုတော့ လူနေအိမ်များမှလွဲရင် ဘာမှမတွေ့ရ။

"အစ်ကိုယောင်း သွားမှဖြစ်မှာလား ဟင်၊ ဒီကနေတောင် Alpha pheromone တွေ ရနေသလိုပဲ"

ဘောမ်ဂယူက အနောက်ကနေ ထယ်ယောင်းရဲ့ အင်္ကျီစလေးကို အသာကိုင်ရင်း ကြောက်ကြောက်လန့်လန့်နဲ့ ပြောလာသည်။ ဘောမ်ဂယူပြောတာလည်း မမှား။ ဒီနေရာကနေတောင် Alpha pheromone တွေ ရနေသည်မို့ နဲနဲတော့ ထူးဆန်းနေသည်။

ထယ်ဟွန်းကတော့ ဘာမှဝင်မပြောဘဲ ထယ်ယောင်းဝင်ရင် လိုက်ဝင်မဲ့ အနေအထားမှာရှိနေသည်။

"အစ်..အစ်ကိုယောင်း"

"ကြောက်ရင် ဒီမှာနေခဲ့လေ၊ ငါခဏသွားလိုက်ဦးမယ်"

ထယ်ယောင်းက ပြောပြောဆိုဆိုနဲ့ ထသွားတော့ ထယ်ဟွန်းကလည်း အနောက်ကနေ လေးနဲ့ မြားကို အသင့်အနေအထားကိုင်ကာ အနောက်က လိုက်သွားသည်။ အဲ့တော့လည်း ဘောမ်ဂယူမှာ မနေနိုင်ဘဲ ဓားဆွဲထုတ်ကာ အနောက်က လိုက်ရ‌တော့သည်။

ရောထွေးနေသော Alpha pheromone တွေက Omega နှစ်ယောက်ကို အသက်ရှူကြပ်စေသည်။

တဲအိမ်တစ်လုံးကို ကွယ်ကာ အရပ်ထဲကို ဝေ့ကြည့်လိုက်တော့ အချင်းချင်း သတ်ပုတ် တိုက်ခိုက်နေသော Alpha Beta များကို တွေ့ရပြီး Alpha မိန်းကလေးများ၊ Beta မိန်းကလေးများမှာ ဟိုပြေးဒီပြေးဖြစ်နေကြသည်။

"ဘာတွေဖြစ်နေကြတာလဲ၊ ဝက်ရူးပြန်နေတာလား"

ဘောမ်ဂယူရဲ့ အမေးကြောင့် ထယ်ဟွန်း ခေါင်းတခါခါနဲ့ သက်ပြင်းသာချလိုက်သည်။ ထယ်ယောင်းကတော့ မျက်မှောင်ကုတ်ကာ

"မဟုတ်ဘူး၊ ကြည့်ရတာ Alpha တွေက ruts ဝင်ပြီး Alpha အချင်းချင်း rape ဖို့ လုပ်နေကြတာ၊ မြောက်ဘက်မှာ Omega မရှိသလောက်ရှားတယ်လေ"

"ဒါ..ဒါဆို ကျွန်တော်တို့ကို တွေ့...တွေ့သွားရင်.."

ဘောမ်ဂယူစကားမဆုံးသေး။

"ဒီမှာ လူစိမ်းတွေဟေ့"

"ဘယ်မှာလဲ"

"သူခိုး သူခိုး"

Love In The Woods [Completed]Where stories live. Discover now