🌳Seven🌳

10.5K 1.3K 172
                                    

(Unicode)

မနက်ရောက်သည်နှင့် ဂျောင်ဂု၏ လက်မောင်းက မြှားဒဏ်ရာက ပျောက်လုနီးနီးဖြစ်နေလေပြီ။

ဘေးနားက ထယ်ယောင်းကတော့ မနိုးသေးဘဲ နှစ်ခြိုက်စွာ အိပ်မောကျလျက်။

နောက်မကျခင် မြောက်ဘက်ရှီယန်းထဲ ဝင်မည်မို့ ထယ်ယောင်းလက်မောင်းလေးကို အသာကိုင်လှုပ်ကာ နှိုးလိုက်သည်။

အဲ့တော့မှ လှုပ်စိလှုပ်စိနဲ့ မျက်‌လုံး မှေးစင်းစင်းလေး ပွင့်လာသော ထယ်ယောင်း။ ဂျောင်ဂုကို တွေ့မှ မျက်လုံးပြူးကနဲဖြစ်ကာ လှဲနေရာမှ ချက်ချင်း ထထိုင်လိုက်သည်။

ညက အဖြစ်အပျက်တွေ အရဆို ဂျောင်ဂုနဲ့သူနဲ့က အခု ဘာတွေလဲ??

စိတ်လွတ်သွားတာ ကင်ထယ်ယောင်း။ စိတ်လွတ်သွားတာ။

ထယ်ယောင်းမှာ စိတ်ထဲကတွေးပြီး ကိုယ့်ခေါင်းကို လက်သီးနဲ့ ဆက်တိုက်ထုလေတော့ ‌ဂျောင်ဂုမှာ ထယ်ယောင်းလက်သီးဆုပ်လေးများကို အမြန်ဖမ်းဆွဲလိုက်ရသည်။

"ဘာလို့ ခေါင်းကိုထုနေတာလဲ နာမှာပေါ့"

ဂျောင်ဂု စကားကို ထယ်ယောင်းက ဘာမှပြန်ပြီး မတုန့်ပြန်။ ဂျောင်ဂုလက်ထဲမှ ရုန်းကာ အနောက်သို့ အနည်းငယ်ဆုတ်သွားသည်။

ထယ်ယောင်းအပြုအမူလေးကို ကြည့်ကာ ဂျောင်ဂု တစ်ချက်ပြုံးရင်း ထယ်ယောင်းခါးလေးကို အသာဖက်ကာ အနားသို့ ဆွဲကပ်လိုက်သည်။ ဒီ Omega ရှက်နေတာ။

"မောင့်အသက်က ရှက်နေတာပဲ"

"အဲ့...အဲ့လိုကြီး မခေါ်ပါနဲ့၊ ရှက်စရာကြီး"

"ဘယ်သူက မောင်လို့ စခေါ်တာလဲ"

ထယ်ယောင်း ဘာမှပြန်မဖြေ။ ခေါင်းလေးကိုသာ ငုံ့ထားပြီး အင်္ကျီ‌စလေးများကို လုံးချေနေတော့သည်။

"မောင့်အသက်ကို ဒီလိုနေရာမှာ မနေစေချင်တော့ဘူး၊ မောင်နဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ပါ"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ‌မျက်လုံး အဝိုင်းသားနဲ့ ခေါင်းလေး ထောင်လာပြီး

"ထယ်တို့ကို သတ်ပစ်ကြမှာလား"

"သတ်လို့ရမလား၊ လက်ဖျားနဲ့တောင် မထိရဘူး"

Love In The Woods [Completed]Where stories live. Discover now