🌳Twelve🌳

8.4K 1.2K 153
                                    

(Unicode)

"Omega တွေ ဘယ်မှာလဲ"

ဒေါသတကြီး အော်သံနဲ့အတူ ဘုရင်၏ လက်သီးတစ်ချက်က စားပွဲပေါ် ဒုန်းခနဲကျ၏။

Alpha Beta များသာ ပါလာပြီး ဆောင်ကြာမြိုင်အတွက် Omega တွေ တစ်ယောက်မှ ခေါ်မလာတာကြောင့် ဂျောင်ဂုကို အလွန်စိတ်တိုမိသည်။ အမိန့်မနာခံတဲ့ အပြင် အခုလည်း ထုံးစံအတိုင်း ဂရုမစိုက်ဟန် မျက်နှာသေနဲ့သာ ကြည့်နေခြင်းကြောင့် ပို၍စိတ်တိုလာသည်။

"ဂျွန်ဂျောင်ဂု၊ မင်းက ဒီတိုင်းပြည်ရဲ့ မင်းသားဆိုတာ မေ့နေတာလား၊ တခြားသူတွေနဲ့ စိတ်မချလို့ မင်းကို လုပ်ခိုင်းကာမှ မင်းကပါ..."

ဘုရင်က ဆက်မပြောတော့ဘဲ မျက်လုံးကို အသာမှိတ်ကာ ဒေါသအလျောက်ထွက်ကျလာမည့်စကားများအား ဟူးခနဲသာ မှုတ်ထုတ်လိုက်သည်။ ပြီးမှ ဂျောင်ဂုဆီကို ဖြေးညင်းစွာလျှောက်လာရင်း

"အဲ့ Omega ကြောင့်မလား"

ဂျောင်ဂုက ဘာမှပြန်မဖြေ။

"Omega တွေက အားနည်းမလိုလိုနဲ့ သိပ်ကြောက်ဖို့ကောင်းတာ မင်းသိလား ဂျောင်ဂု၊ သူတို့ကို Alpha က အရေးပေးလိုက်ပြီဆိုတာနဲ့ အဲ့ Alpha ကို စိတ်ကြိုက်ကစားပြီး သူပဲ ထိန်းချုပ်ပစ်တာ၊ ဒါကို ခုထိ သဘောမပေါက်သေးဘူးလား"

"ကျွန်တော်က သူ့ကို အစတည်းက အနိုင်ယူဖို့ မစဉ်းစားထားပါဘူး"

ချက်ချင်းပြန်ပြောသော ဂျောင်ဂုစကားကြောင့် ဘုရင်က တစ်ချက်ပြုံးလိုက်သည်။

"မင်းကို ပြစရာရှိတယ် လိုက်ခဲ့"

ပြောပြောဆိုဆိုနဲ့ ဘုရင်ကြီးက ရှေ့ကသွားလေတော့ ဂျောင်ဂုလည်း ဘုမသိဘမသိနဲ့ နောက်က လိုက်သွားတော့သည်။ ဦးတည်ရာက အနောက်ဘက် နန်းဆောင်ဆီသို့။ နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြဘဲ ဂျောင်ဂုက ဘုရင်၏ ဦးဆောင်မှုနောက်သို့ ထပ်ကြပ်မခွာလိုက်နေသည်။

အတန်ကြာမှ နန်းဆောင်၏ အစွန်ဆုံး အခန်းတစ်ခုရှေ့တွင် ဘုရင်က ရပ်လိုက်သည်။

"ဒါက အမေ့ရဲ့ အခန်းမလား"

တစ်လမ်းလုံး တိတ်‌ဆိတ်နေပြီး အခုမှ စကားထပြောသော ဂျောင်ဂု‌ကြောင့် ဘုရင်က မသိမသာပြုံးကာ ခေါင်းငြိမ့်ပြသည်။

Love In The Woods [Completed]Wo Geschichten leben. Entdecke jetzt