🌳One🌳

21.3K 1.6K 173
                                    

(Unicode)

မိုးကုတ်စက်ဝိုင်း တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရလောက်တဲ့ထိ ကျယ်ဝန်းသော မျက်ခင်း စိမ်းစိမ်းစိုစိုပေါ်တွင် ဓားရှည်များကိုယ်စီကိုင်ကာ တိုက်ခိုက်နေကြဟန်ရှိသော ‌လူသုံးယောက်။

ထိုထဲမှ အညိုရောင်ဆံပင် အုပ်အုပ်လေးနဲ့ ကောင်လေးဘက်မှ စတင်လှုပ်ရှားလာသည်။ ကောင်လေးတစ်ယောက်ရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ ကန်ပြီး ကျန်တစ်ယောက်ရဲ့ ဝမ်းဗိုက်ကို တံတောင်နဲ့ တွတ်လိုက်တော့ ထိုကောင်လေးနှစ်ယောက်မှာ မြေပြင်ပေါ်တွင် လဲကျလျက်။

ဆံပင်အညိုရောင်ပိုင်ရှင်က ကျေနပ်ပြုံးတစ်ချက်ပြုံးကာ လက်ထဲက ဓားနဲ့ ထိုကောင်လေးနှစ်‌ယောက်ရဲ့ လည်ပင်းကို တေ့လိုက်သည်။

"ငါနိုင်တယ်"

ထိုစကားကို မကျေမနပ်နဲ့ မြေပြင်ပေါ်လဲနေသော ကောင်လေးက နှုတ်ခမ်းလေးစူကာ လက်လေးပိုက်ရင်း

"ဒါတော့ မလွန်လွန်းဘူးလား အစ်ကိုယောင်းကလဲ၊ ကျွန်တော်တို့က ခုမှ သင်ပြီးခါစပဲ ရှိသေးတာကို အားနဲနဲလျှော့မှပေါ့"

ဘေးက တစ်ယောက်ကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

"ဟုတ်ပါ့ ငါ့‌ဗိုက်ဆို အစ်ကိုယောင်း ကန်လိုက်တာ အီစိမ့်သွားတာပဲ"

စောဒက ကိုယ်စီတက်နေကြတဲ့ ကောင်လေးနှစ်ယောက်ကို ကြည့်ကာ အစ်ကိုယောင်းဆိုသူက ခေါင်းတခါခါလုပ်နေတော့သည်။ ပြီးမှ လက်ထဲက ဓားကို ခါးကြားတွင်ထိုးထားသော ဓားအိမ်ထဲ ပြန်ထည့်ရင်း

"မင်းတို့ ရန်သူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ၊ ရန်သူကို နဲနဲလျှော့ပေးပါလို့ ပြောမှာလား"

အစ်ကိုယောင်း၏စကားကြောင့် မြေပြင်ပေါ်က ကောင်လေးနှစ်ယောက်မှာ ခေါင်းလေးတွေငုံ့သွားပြီး ဘာစကားမှ မပြောကြတော့ပေ။

ထိုအချိန်မှာပဲ အဝေးတစ်နေရာကနေ အနားသို့ ခပ်သွက်သွက်ပြေးလာသော ဝတ်စုံနက်နဲ့ ကောင်လေးတစ်ယောက်။ ပါးစပ်ကလည်း

"အစ်ကိုယောင်း၊ အစ်ကိုယောင်း"

ခေါ်သံကြောင့် ယောင်း လှည့်ကြည့်သည်။ ပြေးလာတဲ့သူကို တွေ့မှ နှုတ်ခမ်းလေးတွန့်ရုံ အသာပြုံးမိသည်။

Love In The Woods [Completed]Where stories live. Discover now